လူငယ်ကောင်မလေးတွေနဲ့ Cartoon ရုပ်ပုံလေးတွေ ပုံဖော်ရတာကိုကြိုက်တဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ Cartoon Character လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလက်သည်းဒီဇိုင်းတွေအားလုံးက လက်သည်းနီအရောင်တွေဆိုးပြီး အဲ့အပေါ်မှာ ပုံဖော်ထားတာမျိုးမဟုတ်ပဲ လက်သည်းဗြောင်ပေါ်မှာ ပုံဖော်တာဖြစ်လို့ ရှင်းရှင်းလေးနဲ့ ထင်ပေါ်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။
ပန်းရောင်ကြိုက်တဲ့ကောင်မလေးတွေနဲ့ Kakao Friends ထဲက character လေးတွေကို ပုံဖော်ချင်တဲ့သူတွေအတွက် Apeach လက်သည်းဒီဇိုင်းလေးက အရမ်းချစ်ဖို့ကောင်းပါတယ်။
နောက်ထပ် Kakao Friends ထဲက character လေးဖြစ်တဲ့ Ryan ပုံလေးလည်း ပုံဖော်လို့ရပါသေးတယ်နော်။
Pusheen fan လေးတွေဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေး ပုံဖော်ကြည့်ပါ။ ကြည့်လိုက်တာနဲ့ထင်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။
We Bare Bears ကြိုက်တဲ့သူတွေဆိုရင် ဒီလိုဒီဇိုင်းလေး ပုံဖော်ကြည့်ပါ။ ရိုးရိုးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။
Totoro fan တွေအတွက်ကတော့ ဒီလက်သည်းဒီဇိုင်းလေး ပုံဖော်နိုင်ပါတယ်။ လက်သည်းဗြောင်ပေါ်မှာ ပုံဖော်ထားတဲ့အတွက် ပိုမိုက်ပါတယ်။
Gudetama character လေးကိုချစ်တဲ့သူတွေဆိုရင် ဒီလိုလေးပုံဖော်ကြည့်ပါ။ အဝါရောင်ကြိုက်တဲ့သူတွေဆိုလည်း ဒီလက်သည်းဒီဇိုင်းလေးကို သဘောကျမှာပါ။
Molang လေးတွေကိုချစ်တဲ့သူတွေအတွက်ကတော့ Molang လက်သည်းဒီဇိုင်းလေး ပုံဖော်ကြည့်ပါ။ ဒီအကောင်လေးတွေက အရမ်းချစ်ဖို့ကောင်းပါတယ်။
Gingy ကြိုက်တဲ့သူလေးတွေဆိုလည်း Gingy ပုံလေးကို ဒီလိုပုံဖော်လို့ရပါတယ်။ လက်သည်းဗြောင်ပေါ်မှာ ပုံဖော်တာဖြစ်လို့ ပိုချစ်ဖို့ကောင်းပါတယ်။
Moomin character ကြိုက်တဲ့ကောင်မလေးတွေဆိုရင် ဒီလိုလေးပုံဖော်ကြည့်ပါ။ အဖြူရောင်ဖြစ်လို့ လက်သည်းပေါ်မှာထင်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။
Animal Crossing fan တွေကတော့ Animal Crossing character လေးတွေကို ပုံဖော်လို့ရပါတယ်။ အရမ်းရိုးရှင်းတာမကြိုက်တဲ့သူတွေဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပိုသဘောကျမှာပါ။
Photo source: www.notyouraveragenails