လက်သည်းပုံဖော်ရတာ ဝါသနာပါတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ချစ်ဖို့ကောင်းပြီး လှလည်းလှတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လက်သည်းပုံဖော်ဖို့ ဆိုင်သွားတိုင်းမှာ ဒီဇိုင်းစဉ်းစားရတာခက်နေရင် ဒီလက်သည်းဒီဇိုင်းလေးတွေကို ပုံဖော်ကြည့်နော်။

မိုးပြာရောင်ကြိုက်တဲ့သူဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး ဒီတိုင်းလေးလည်း ဆန်းပါတယ်။

တိမ်ချစ်တဲ့သူတွေအတွက် ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ လက်သည်းဒီဇိုင်းလေး ဖြစ်ပါတယ်။

အရောင်လေးတွေက ဘိုဆန်တဲ့အပြင် ဒီဇိုင်းကလည်း ဆန်းပြီးတော့ လှပသလို ချစ်ဖို့လည်းကောင်းပါတယ်။

Black & White ဆိုးမယ်လို့ စဉ်းစားထားရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ဘိုဆန်ပြီးလှတဲ့ အရောင်လေးနဲ့ ဒီဇိုင်းဆန်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရုပ်ပုံလေးကြောင့် ချစ်ဖို့ကောင်းသလို ကျန်တဲ့ဒီဇိုင်းတွေကတော့ လှတာပါ။

ဒါကတော့ ခွေးချစ်တဲ့သူတွေ သဘောကျမယ့် လက်သည်းဒီဇိုင်းလေးပါ။

စပ်ထားတဲ့အရောင်လေးတွေက ချစ်ဖို့ကောင်းပြီး အရမ်းလှပါတယ်။ ဒီဇိုင်းဆန်းပြီး အရောင်နုနုလေးတွေ ဆိုးချင်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်နော်။

ဘိုဆန်တဲ့အရောင်လေးနဲ့ ဒီဇိုင်းဆန်းတာမျိုး၊ လူငယ်ဆန်တာမျိုး ပုံဖော်ချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။

လှလည်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ နောက်ထပ်လက်သည်းဒီဇိုင်းလေးပါ။

လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်ပြီး လှပတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရောင်ကလည်း ငြိမ်ပြီးတော့ အသားဆောင်ပါတယ်။

Photo source:www.fiona.nail