သီချင်းတစ်ပုဒ်နာမည်ကြီးလာရင် တော်တော်များများက Cover Song အနေနဲ့ ပြန်ဆိုတတ်ကြပါတယ်။ ဒီလိုပြန်ဆိုတဲ့သူတွေထဲမှာ K-Pop Idol တွေလည်းပါပါတယ်။ မူရင်းအဆိုတော်ထက် ပိုကောင်းအောင်ဆိုနိုင်တယ်လို့ ပရိတ်သတ်ချီးကျူးခံရတဲ့ K-Pop Idol တွေက ဘယ်သူတွေလဲဆိုတာ ကြည့်ကြည့်ရအောင်-
Heeseung (ENHYPEN)
Justin Bieber ရဲ့ “Off My Face” သီချင်းကို ပြန်ဆိုခဲ့တဲ့ Heeseung ရဲ့အသံက တကယ်ကိုပြီးပြည့်စုံလွန်းပါတယ်။
BTS
BTS ပြန်ဆိုထားတဲ့ Shinhwa ရဲ့ “Perfect Man” ကလည်း ပရိတ်သတ်တွေ အကြိုက်တွေ့ခဲ့ပါတယ်။
Taeyeon
ပရိတ်သတ်တွေကို အံ့ဩစေခဲ့တဲ့ နောက်ထပ်သီချင်းကတော့ Taeyeon ပြန်ဆိုထားတဲ့ Pussycat Dolls ရဲ့ “Hush Hush” ပါ။
Dreamcatcher
Maroon 5 ရဲ့ “Lucky Strike” ကိုလည်း Dreamcatcher က Cover ပြန်ဆိုခဲ့ပါသေးတယ်။
Boys Planet
Jessi ရဲ့ “Zoom” ကို Cover ပြန်ဆိုခဲ့တဲ့ Boys Planet က ပြိုင်ပွဲဝင်အဖွဲ့ဝင်တွေကလည်း ပရိတ်သတ်ရဲ့အသိအမှတ်ပြုတာကို ရခဲ့ပါတယ်။
Joshua (SEVENTEEN)
“Double Take” သီချင်းကို ပြန်ဆိုခဲ့တဲ့ Joshua ကတော့ သီချင်းပိုင်ရှင် Dhruv ရဲ့ချီးကျူးမှုကိုပါ ရခဲ့တာပါ။
Seungkwan (SEVENTEEN)
Harry Styles ရဲ့ “As It Was” ကို Cover ပြန်ဆိုတဲ့အချိန်မှာ Seungkwan က သူ့ရဲ့ လှတဲ့ Vocal Color ကို ပြခဲ့ပါတယ်။
SinB (VIVIZ)
SinB (VIVIZ) Cover ပြန်ဆိုထားတဲ့ The Weeknd ရဲ့ “Out Of Time” မှာတော့ တောက်ပနေတဲ့သူ့အသံကို ကြားရမှာပါ။
A.C.E.
5 Seconds of Summer ရဲ့ “Young Blood” ကိုတော့ Stunning Version အနေနဲ့ A.C.E. က ပြောင်းဆိုခဲ့တာပါ။
Purple Kiss
Tones နှင့် I ရဲ့ “Dance Monkey” ကို Purple Kiss က ပုံစံတစ်မျိုးနဲ့ Cover ပြန်ဆိုခဲ့တာပါ။