အရပ်ရှည်တဲ့ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ အထာကျပြီးမိုက်တဲ့ Outfit Idea 10 မျိုးကို မျှဝေပေးလိုက်ပါတယ်။ သူများနဲ့မတူတဲ့ Fashion တွေကို ဝတ်ရတာမျိုးကြိုက်တယ်ဆိုရင်၊ Cute Type တွေထက် အထာကျတာမျိုး ကြိုက်တယ်ဆိုရင် ဒီ Outfit Idea လေးတွေကို သဘောကျမှာ သေချာပါတယ်။

ရာသီဥတုအေးတဲ့နေရာမျိုးမှာဆိုရင် ဒီ Outfit ကို သေချာပေါက်ဝတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ အရပ်ရှည်တဲ့ ကောင်မလေးတွေနဲ့ဆိုရင် အထာကျပြီး အရမ်းမိုက်ပါတယ်။

ပေါ့ပေါ့ပါးပါးနဲ့ အထာကျတဲ့ Outfit မျိုး ဝတ်ချင်တယ်ဆိုရင်တော့ ဒီလိုဘောင်းဘီလေးတွေကို Body Fit Top လက်ရှည် ခါးနည်းနည်းရှည်တာလေးတွေနဲ့ တွဲဝတ်ပါ။ အရမ်းမိုက်ပါတယ်။

အတိုဝတ်ဖြစ်တဲ့အခါ ပိုအထာကျပြီးမိုက်သွားအောင် ဒီ Outfit လေးအတိုင်း ဝတ်ကြည့်ပါ။ အောက်ကနေ အသားကပ်လေးဝတ်ရင်တော့ ပိုမိုက်တာပေါ့။

Skirt ဝတ်ပေမယ့် Cute Type မဖြစ်ချင်ဘူး၊ အထာကျပြီးမိုက်တဲ့ ပုံစံလေးပဲ ဖြစ်ချင်တာဆိုရင် ဒီ Outfit လေးကိုသာ ရွေးချယ်လိုက်ပါ။

Long Pant အပွတွေဝတ်ရင် ဘောင်းဘီကို ခြေထောက်နဲ့ကွက်တိဖြစ်တာထက် ဒီလိုပိုရှည်နေတာမျိုးက ပိုအထာကျပါတယ်။ အရပ်ရှည်တဲ့သူတွေနဲ့ ပိုလိုက်တာပေါ့။ ပြီးရင် Body Fit လက်ရှည်ကို ခါးရှည်တာလေးနဲ့ ဒီလိုတွဲဝတ်လိုက်ပါ။ ထသွားထလာအတွက်လည်း အရမ်းအဆင်ပြေပါတယ်။

ပူအိုက်တဲ့နေ့တွေမှာဆိုရင်တော့ အထာကျပြီးမိုက်အောင် ဒီလို Outfit လေးကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

ဒီ Outfit လေးမှာဆိုရင် ဘောင်းဘီက ပိုရှည်သွားတာကြောင့် ပိုပြီးတော့ အထာကျကျနဲ့မိုက်တဲ့ဘက်ကိုသွားတဲ့ Fashion လေးဖြစ်သွားတာပါ။

Hoodie ဝတ်ဖြစ်တဲ့နေ့ဆိုရင် ဘောင်းဘီအရှည်နဲ့မဝတ်တော့ပဲ အတိုနဲ့ ဒီလိုလေးတွဲဝတ်လို့လည်း ရပါတယ်။ Cute Type ထက် မိုက်တဲ့ Look လေးရစေပါတယ်။

ကိုရီးယားမလေးတွေ ယောင်္ကျားလေးဆန်ဆန် အထာကျကျဝတ်တဲ့အခါ အမြဲဝတ်လေ့ရှိတဲ့ Outfit လေးပါ။ ဒီ Outfit လေးကိုလည်း သဘောကျမယ်လို့ ထင်ပါတယ်။

ရာသီဥတုအေးတဲ့အခါ ဒီလိုလည်း အထာကျကျလေး ဝတ်လို့ရပါသေးတယ်။ Girly Type မကြိုက်တဲ့သူတွေဆိုရင် ဒီ Outfit လေးကို ပိုကြိုက်မှာပါ။