မိန်းကလေးတွေရဲ့ သဘောသဘာဝက အလွန်ခန့်မှန်းရခက်ပါတယ်။ တစ်ခါတလေမှာ သူတို့ပြောတဲ့ ဟုတ်တယ်ဆိုတာက မဟုတ်ဘူးဆိုတဲ့ သဘောလည်း သက်ရောက်သလို၊ ဟင့်အင်း ဆိုတာကလည်း အင်း လို့ ပြောတာဖြစ်နိုင်ပါသေးတယ်။

သူတို့ ပြောလိုက်တဲ့စကားတိုင်းရဲ့ နောက်ကွယ်က ဆိုလိုရင်းကို သိချင်တယ်ဆိုရင်တော့ သူတို့အမူအယာကို သေချာအကဲခတ်ဖို့လိုမယ်နော်။

ဒါဆိုရင် သင့်ကိုစိတ်ဝင်စားကြောင်း ပေါ်လွင်စေတဲ့ သူမရဲ့ အမူအယာတွေက ဘာတွေလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ရအောင်။

သူမ မျက်လုံးရဲ့ သူငယ်အိမ် ကြီးလာပါလိမ့်မယ်

သင်နဲ့ စကားပြောလိုက်တဲ့အချိန်တိုင်း သူမ မျက်လုံးရဲ့ သူငယ်အိမ်တွေ ကျယ်လာပါလိမ့်မယ်။ သင်တို့ နှစ်ယောက်မျက်လုံးချင်းဆုံတဲ့ အခါမှာလည်း သူမက ရှက်ရှက်နဲ့ပဲ အကြည့်ချင်းလွှဲပါလိမ့်မယ်။ သင့်ကို စိတ်မဝင်စားတဲ့ မိန်းကလေးတစ်ယောက်က ဒီလိုအပြုအမူမျိုး လုပ်မှာ မဟုတ်ပါဘူး။

ထိုင်တဲ့အခါ သူမခြေထောက် ဘယ်လိုထားသလဲ

သူမရဲ့ ခြေကျင်းဝတ်ကို ချိတ်ထားတယ်ဆိုတာ သင့်ကို မယုံကြည်တဲ့သဘော၊ သင်နဲ့ အချိန်ကုန်ဆုံးရတာ သက်သောင့်သက်သာမဖြစ်တဲ့ သဘောကို ဖော်ညွှန်းပါတယ်။ သူမ ခြေထောက်ကို မချိတ်ထားဘူးဆိုတာက သင့်ကို စိတ်ဝင်စားနေကြောင်း၊ သင့်အကြောင်းကို ဒီ့ထက်ပိုသိချင်ကြောင်း ဖော်ပြနေတာပါ။

သူမရှက်နေရင်တောင်မှ သင်နဲ့ နီးနီးကပ်ကပ်မှာ ထိုင်ဖို့ ကြိုးစားတယ်

သူမဘေးနားတိုးထိုင်ကြည့်ပြီး ကိုယ့်ကိုစိတ်ဝင်စားလား မစားလားဆိုတာကို စမ်းသပ်ကြည့်လို့ရပါသေးတယ်။ တကယ်လို့ သင် သူ့ဘေးနား အနည်းငယ်တိုးထိုင်လို့ သူမက ခပ်ခွာခွာပြန်နေတယ်ဆိုရင်တော့ ဒါက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။

သင့်အမူအယာတွေကို လိုက်လုပ်တာကလည်း သူမ သင့်ကိုစိတ်ဝင်စားနေတဲ့ လက္ခဏာတစ်ရပ်ပါပဲ။

သူမရဲ့ ခြေချောင်းလေးတွေနဲ့ ဖိနပ်ကို လှုပ်ရမ်းတာ

ဒီလိုပြုလုပ်တာက သင့်နားမှာ နေရတာ သူမအတွက် သက်သောင့်သက်သာဖြစ်ကြောင်းနဲ့ သင့်ရဲ့ စိတ်ဝင်စားမှုကိုလည်း လိုချင်နေတဲ့ သဘောပါပဲ။

သူမရဲ့ ဆံပင်ပုံစံနဲ့ အဝတ်အစားကို ခဏခဏ ပြင်နေတာကလည်း သင့်အတွက် ကောင်းမွန်တဲ့ လက္ခဏာပါပဲ။

သူမ နှုတ်ခမ်းကို လက်နဲ့ ခဏခဏထိနေမယ်၊ လျှာနဲ့ နှုတ်ခမ်းကို ရံဖန်ရံခါ သပ်တာမျိုး

မှန်ခဏ ခဏ ကြည့်တာမျိုး

သင့်ရှေ့ မှာ ကြည့်ကောင်းနေချင်တာကြောင့် မှန်ခဏ ခဏ ကြည့်တာပါ။

လက်အနေအထားကိုလည်း သတိထားကြည့်ပါ

လက်ပိုက်မထားဘဲ လက်ကို တစ်ဖြောင့်တည်းထားတယ်ဆိုတာက သင့်ကို မီးစိမ်းပြနေတဲ့ သဘောပါ။

ဆံပင်ကို ခဏခဏ လိမ်နေတာ

သူမ ရှက်တဲ့ အခါမျိုးမှာ သူမရဲ့ ဆံကေသာလေးတွေကို မကြာခဏဆိုသလို လိမ်နေပါလိမ့်မယ်။ ဆံပင်တိုတဲ့ မိန်းကလေးတွေတော့ မပါဘူးပေါ့နော်။

Source: Brightside.me