မင်္ဂလာပါနော်။ အခုနောက်ပိုင်း လူငယ်တော်တော်များများက ခန္ဓာကိုယ်အစိတ်အပိုင်းမျိုးစုံမှာ တက်တူးထိုးလာကြသလို အရွယ်အစားခပ်ကြီးကြီးတွေထက် သေးသေးလေးနဲ့ ပေါ့ပေါ့ပါးပါးထိုးနိုင်တဲ့ ဒီဇိုင်းဆန်းလေးတွေကို ပိုရွေးချယ်လာကြပါတယ်။ သင်ကိုယ်တိုင်လည်း အသေးစား တက်တူးတွေထိုးဖို့ စဉ်းစားနေတယ်ဆိုရင်တော့ လက်ချောင်းနေရာလေးတွေက အသင့်တော်ဆုံးပါပဲနော်။ လက်ချောင်းပေါ်မှာ တက်တူးထိုးတာက သေးသေးလေးနဲ့ ထင်းသလို Accessories တွေ ထွေထွေထူးထူးဝတ်စရာမလိုဘဲ အထာကျစေပါတယ်။ ဒါကြောင့် လက်ချောင်းပေါ်မှာတက်တူးလှလှထူးချင်သူတွေ နမူနာယူနိုင်မယ့် ဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အားဖြစ်စေတဲ့ စာစုတွေ


ကိုယ့်အတွက်စိတ်ခွန်အားရစေမယ့် စာစုလေးတွေ လက်ချောင်းမှာထိုးတာက အရမ်းအဓိပ္ပာယ်ရှိသလို ခက်ခဲတဲ့အချိန်တွေမှာ အားတင်းထားဖို့ သတိပေးနေသလို ခံစားရစေမှာပါ။

၂။ အသည်းပုံလေး


ရိုးရိုးလေးနဲ့ Romantic ဆန်တဲ့အသည်းပုံလေးတွေကလည်း အရမ်းလှသလို ဘယ်လက်ချောင်းနဲ့မဆို လိုက်ဖက်တဲ့ဒီဇိုင်းလေး ဖြစ်ပါတယ်။

၃။ အချစ်ဆုံးအကောင်လေးတွေရဲ့ Outline ပုံစံ


တိရစ္ဆာန်လေးတွေပုံ တက်တူးလေးတွေက ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းပါတယ်။ ကိုယ့်အတွက်လည်းအမှတ်တရဖြစ်တာမို့ ဒီလိုအကောင်လေးတွေရဲ့ Outline ပန်းချီပုံစံ တက်တူးသေးသေးလေးတွေ ထိုးတာမျိုးလုပ်ကြည့်ပါ။

၄။ လက်စွပ်ကွင်းပုံစံ Line တက်တူး

ဒီလို မျဉ်းကြောင်းအဝိုင်းပုံ တက်တူးကလည်း ရှင်းရှင်းလေးနဲ့အထာကျသလို အရောင်လေးတွေ စပ်ထိုးရင်ပိုလှပါတယ်။ လက်စွပ်ပုံဖြစ်တာမို့ ချစ်တဲ့သူနဲ့ တူတူထိုးတာမျိုးပါ ပြုလုပ်နိုင်မှာပါ။

၅။ စကားလုံးတစ်လုံးပုံစံ


ကိုယ့်နာမည် ဒါမှမဟုတ် ကိုယ့်အတွက်အရေးပါတဲ့သူရဲ့ နာမည်အစ (သို့) ကိုယ်အကြိုက်ဆုံး စကားလုံးတစ်ခုကို ထိုးတာကလည်း ရှင်းရှင်းလေးနဲ့အထာကျသလို အမှတ်တရကောင်းတစ်ခုဖြစ်စေမှာပါ။

၆။ အပြုံးပုံစံလေး

ပျော်ရွှင်မှုကို ကိုယ်စားပြုတဲ့ အပြုံးပုံလေးတွေထိုးတာက ရှင်းရှင်းလေးနဲ့ ဘယ်တော့မှမရိုးတဲ့ ဒီဇိုင်းလေးတွေဖြစ်သလို လက်ချောင်းမှာထိုးဖို့လည်း အရမ်းလိုက်ဖက်ပါတယ်။

၇။ Cross ပုံစံလေး


Cross သင်္ကေတလေးက သစ္စာရှိခြင်းကို ကိုယ်စားပြုပြီး လက်ချောင်းတွေမှာထိုးဖို့ အရမ်းလိုက်တဲ့အပြင် အထာလည်းကျတဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။

၈။ အဓိပ္ပာယ်ရှိတဲ့ နံပါတ်တွေ


သင့်အတွက် ထူးထူးခြားခြား အဓိပ္ပာယ်ရှိတဲ့ ဒါမှမဟုတ် ကံကောင်းစေတဲ့ နံပါတ် တက်တူးတွေ ထိုးတာကလည်း အခြားသူနဲ့မတူဘဲ သီးသန့်တက်တူးတစ်ခုလို ဖြစ်စေမှာပါ။

၉။ အာကာသနဲ့ဆိုင်တဲ့ပုံစံလေးတွေ


နေ၊လ၊ ကြယ်နဲ့ ဂြိုလ်ပုံစံ စတဲ့ အာကာသထဲက အစိတ်အပိုင်းတွေပုံစံ တက်တူးဒီဇိုင်းလေးတွေကလည်း စိတ်ကူးယဉ်ဆန်သလို တက်တူးအနေနဲ့ထိုးဖို့ အရမ်းလိုက်ဖက်တဲ့ ပုံစံလေးတွေလို့ ပြောလို့ရပါတယ်။

၁၀။ ပန်းပုံစံလေးတွေ


ပန်းပုံတက်တူးအသေးလေးတွေက လက်ချောင်းတွေမှာထိုးဖို့ အရမ်းလှပါတယ်။ လက်ချောင်းအောက်ပိုင်းနားမှာ ကိုယ်နှစ်သက်တဲ့ပန်းပုံ Outline ပုံလေးတွေ ထိုးပေးတာက သင့်လက်လေးတွေကိုပါ ပိုကြည့်ကောင်းသွားစေမှာပါ။

Photo Source: preview.ph, Pinterest