Met Gala ဆိုတာနဲ့ ဘယ်နာမည်ကျော်က ဘယ်လိုဝတ်ထားလဲ၊ ဘယ်သူက အမိုက်ဆုံးလဲ လိုက်ကြည့်ရတာ စိတ်ဝင်စားစရာပါပဲ။ ရလာတဲ့ ဝတ်စုံတွေက ဒီဇိုင်းနာဖန်တီးသူရဲ့ အနုပညာ ပါပဲ။ ဒါပေမဲ့ ကျွန်မတို့က ဝတ်စုံ ဒီဇိုင်းနာထက် ဝတ်ဆင်သူ အနုပညာရှင်ကိုပဲ မြင်တတ်ကြပါတယ်။ ဒီဒီဇိုင်းနာတွေကပဲ ဒီလိုဝတ်စုံရလာဖို့ အချိန်နဲ့ ခွန်အားတွေ အကြာကြီး ပေးဆပ်ခဲ့တာပါ။ ဒီတစ်ခေါက်မှာတော့ သင်ခန့်မှန်းတာထက် ပိုအချိန်ပေးခဲ့ရတဲ့ နာမည်ကျော်တွေရဲ့ ဝတ်စုံဒီဇိုင်းတွေကို ဖော်ပြလိုက်ပါတယ်။

1. Zendaya

Zendaya ရဲ့ ဝတ်စုံက Cindrella ဝတ်စုံကို Inspiration ယူထားပြီး မှောင်လာတဲ့အခါ အပြာရောင်လင်းလာတဲ့ ဝတ်စုံပါ။ ဒီဝတ်စုံအတွက် Carbon fiber ချောင်း ၂၀, ဘတ်ထရီ ငါးခု, ၄၀ မီတာရှည်တဲ့ LED မီးနဲ့ ထိန်းချုပ်လို့ရတဲ့ မီးပေါင်း ၆၀၀၀ သုံးခဲ့ရပါတယ်။ ဒီဝတ်စုံကို လူ ၈ ယောက် ဖန်တီးခဲ့တာဖြစ်ပြီး သုံးလကျော် ကြာခဲ့ကာ ၁၁ ပေါင် လေးပါတယ်။

2. Nina Dobrev

Nina Dobrev ရဲ့ Printed ဝတ်စုံရဖို့ ၆ ပတ်ကနေ ၈ ပတ်ကြာခဲ့ပါတယ်။

3. Kylie Jenner

Kylie ရဲ့ ကျက်သရေရှိတဲ့ ခရမး်ရောင် ဝတ်စုံကို ရဖို့ ရက် ၃၀ ကြာခဲ့ပါတယ်။ ဒါပေမဲ့ ဒီမတိုင်ခင် လေးလလောက်တည်းက ပုံကြမ်း ဆွဲခဲ့ရတာပါ။

4. Jennifer Aniston

Jennifer ရဲ့ ဒီဝတ်စုံရဖို့ နာရီပေါင်း ၂၀၀ ကြာခဲ့ပါတယ်။

5. Hailee Steinfeld

Hailee ရဲ့ ဝတ်စုံကတော့ ၆၄၀ နာရီ ကြာ ဖန်တီးခဲ့ရပါတယ်။

6. Katy Perry

Katy ရဲ့ ဟမ်ဘာဂါ ဝတ်စုံက အဆင့်မျိုးစုံ ဖြတ်သန်း ဖန်တီးခဲ့ရပြီး နာရီပေါင်းများစွာ ကြာခဲ့ပါတယ်တဲ့။

7. Kendall Jenner

Kendall က ဒီဝတ်စုံပုံစံကို Audrey Hepburn ဆီက Inspire ယူထားတာ ဖြစ်ပြီး ဝတ်စုံရဖို့ နာရီပေါင်း ၂၅၀၀ ကြာခဲ့ပါတယ်။

8. Priyanka Chopra

Priyanka ရဲ့ မင်္ဂလာဝတ်စုံက ၁၈၂၆ နာရီကြာခဲ့ပါတယ်။

9. Kim Kardashian

Kim Kardashian ရဲ့ ဝတ်စုံကို အားလုံးမှတ်မိကြမှာပါ။ ဝတ်စုံကို ဖန်တီးဖို့ ၈ လ ကြာခဲ့ပါတယ်။

10. Rihanna

Rihanna ရဲ့ ဝတ်စုံက တရုတ်အမျိုးသမီးရဲ့ Handmade လက်ရာ ဖြစ်ပြီး ဝတ်စုံရဖို့ ၂ နှစ်ကျော်ကြာခဲ့ပါတယ်။

Source: Brightside

By MyStyle Myanmar