ရုပ်ရှင်ကားမှာ အတူတူရိုက်ကူးသရုပ်ဆောင်ကြရင်းနဲ့ သံယောဇဉ်တွယ်ပြီး ချစ်မိသွားကြပြီးတဲ့နောက် လက်ထပ်လိုက်ကြတဲ့ သူတွေလည်းရှိပါတယ်။ အဲဒီထဲကမှ အနုပညာရှင်တချို့ကို မျှဝေပေးချင်ပါတယ်။

Cha In Phyo နဲ့ Shin Ae Ra

Loves is in Your Embrace ဆိုတဲ့ ၁၉၉၄ခုနှစ်က ခေတ်စားခဲ့တဲ့ ကားမှာ အတူတူသရုပ်ဆောင်ကြရင်းနဲ့ ချစ်မိသွားခဲ့ကြပြီးတဲ့နောက် လက်ထပ်ခဲ့ကြတာပါ။ အခုဆိုရင် သားတစ်ယောက်နဲ့ မွေးစားသမီး ၂ ယောက်ရှိနေပြီး ပရဟိတတွေလုပ်တဲ့ သူတို့ဇနီးမောင်နှံက ကလေးပေါင်း ၅၀ ကျော်ကိုလည်း ထောက်ပံ့ကူညီပေးထားပါသေးတယ်။

Lee Sang Woo နဲ့ Kim So Yeon

Happy Home ကားမှာ အတူတူ သရုပ်ဆောင်ရင်း ချစ်သူဖြစ်ခဲ့ကြသူတွေပါ။ သူတို့ရဲ့ အချစ်ရေးဟာ တကယ်ကို ပျော်စရာကောင်းခဲ့ပါတယ်တဲ့။

Han Ga In နဲ့ Yun Jung Hoon

Yellow Handkerchief ကားထဲမှာ အတူတူ သရုပ်ဆောင်ခဲ့ကြရင်း တွေ့ခဲ့ကြတာပါ။ ၂ နှစ်လောက်အကြာမှာပဲ လက်ထပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်က သမီးလေးမွေးဖွားခဲ့ပါတယ်။

Go So Young နဲ့ Jang Dong Gun

Love Wind Love Song ဆိုတဲ့ ၁၉၉၉ ခုနှစ်ကထွက်ခဲ့တဲ့ ဇာတ်ကားမှာ အတူတူ သရုပ်ဆောင်ခဲ့ကြပြီး ၂၀၁၀ ပြည့်နှစ် မေလက လက်ထပ်ခဲ့ကြတာပါ။ သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားနေပြီး သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပါတယ်တဲ့။

Eugene နဲ့ Ki Tae Young

၂၀၀၉ ခုနှစ်ကထွက်တဲ့ Creating Destiny ကားမှာ တွေ့ခဲ့ကြပြီးတဲ့နောက် ချစ်သူဖြစ်ခဲ့တာတာပါ။ ၂၀၁၁ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး အခုဆို သမီးတစ်ဦး ထွန်းကားနေပါပြီ။

Jeon Hye Jin နဲ့ Lee Chun Hee

သူ့ချစ်ဇနီးနဲ့ မတွေ့ခင်ထိ Lee Chun Hee က လက်ထပ်ဖို့ စိတ်ကူးမရှိခဲ့သူပါတဲ့။ Smile You ကားထဲမှာ စပြီး တွေ့ခဲ့ကြရင်းနဲ့ ချစ်သူဖြစ်ခဲ့ကြတာပါ။ အခုလို သမီးလေးတစ်ဦး ထွန်းကားနေပါပြီ။

Lee Bo Young နဲ့ Ji Sung

၂၀၀၄ ခုနှစ်ကထွက်တဲ့ Save the Last Dance For Meကားထဲမှာ ပထမဆုံး တွေ့ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ခဏလောက်ပြတ်သွားသေးတယ်။ ၇ နှစ်လောက် တွဲခဲ့ကြပြီး ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။ အခုဆိုရင် ကလေးတစ်ဦးရရှိနေပြီဖြစ်ပါတယ်။

Cha Ye Ryun နဲ့ Joo Sang Wook

Flamorous Temptation ကားထဲမှာ တွေ့ခဲ့ကြပြီးတဲ့နောက် ၂၀၁၆ ခုနှစ် မတ်လမှာ သူတို့နှစ်ဦးတွဲနေပြီလို့ တရားဝင်ကြေညာခဲ့တာပါ။ သိပ်မကြာခင်ကပဲ လက်ထပ်ခဲ့ကြပါတယ်။