“Maria” သီချင်းကို ကိုးရီးယားသီချင်းကြိုက်တဲ့ လူငယ်တိုင်း ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီသီချင်းရဲ့အဆိုတော်ကတော့ Hwasa ဖြစ်ပါတယ်။ Hwasa က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး Rap ကော ပုံမှန်သီချင်းကိုပါ အသံချိုချိုနဲ့ဆိုနိုင်တဲ့ အရည်အချင်းတွေကြောင့် နာမည်ကျော်သူတစ်ယောက်ပါ။ သူမက ဟန်ဆောင်မှုကင်းပြီး ပျိုမေတိုင်းအားကျရတဲ့ စတိုင်မျိုးကို ပိုင်ဆိုင်ထားသူပါ။

သူမရဲ့ပုံရိပ်တွေကို သူမရဲ့ပရိတ်သတ်တွေက လှလှပပ ရိုက်ကူးနိုင်ခဲ့ပါတယ်။ တစ်ခါတလေ ရှုထောင့်၊ အနေအထားတွေကြောင့် ဓာတ်ပုံဂျာနယ်လစ်တွေတောင် နာမည်ကျော်တွေရဲ့ပုံကို တည့်တည့်ကျအောင် မရိုက်နိုင်တဲ့ အချိန်တွေရှိပါတယ်။ ဒါပေမဲ့ ဒီအနုပညာရှင်ရဲ့ Fan တွေကတော့ ဓာတ်ပုံပညာရှင်တွေထက် ပိုတောင် ဓာတ်ပုံရိုက်တတ်ပါသေးတယ်။

အောက်မှာဖော်ပြထားတဲ့ ပုံရိပ်တွေကတော့ ဓာတ်ပုံပညာရှင်တွေရိုက်ထားတာမဟုတ်ဘဲ Fan တွေကိုယ်တိုင် ရိုက်ထားတဲ့ Hwasa ရဲ့ ရှုမဝတဲ့ လျှပ်တပြတ်ပုံရိပ်တွေဖြစ်ပါတယ်။ သင်ကော ဒီပုံတွေထဲမှာ ဘယ်ပုံကိုအကြိုက်ဆုံးဆိုတာ ပြောပြခဲ့ဦးနော်။

Source: Allkpop

By MyStyle Myanmar