ကျစ်ဆံမြီးကျစ်ရတာကို crazy ဖြစ်တဲ့သူတွေအတွက် ကျစ်ဆံမြီး ဆံပင်ဒီဇိုင်းအဆန်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ တစ်နေ့တစ်မျိုးမရိုးအောင် ကျစ်လို့ရတာပေါ့။

ဒီကျစ်ဆံမြီးဒီဇိုင်းလေးဆိုရင် ရိုးရိုးလေးပါပဲ။ ဒါပေမယ့် ဖဲပြားလေးတပ်လိုက်တာကြောင့် အမြင်ဆန်းပြီး ချစ်ဖို့ကောင်းသွားစေပါတယ်။

ကျစ်ဆံမြီးကိုမချချင်ရင် ကျစ်ပြီးဒီလိုလေး ထုံးလို့လည်း ရတယ်နော်။ ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ဒီကျစ်ဆံမြီးကျစ်ထားတဲ့ ဒီဇိုင်းလေးဆိုရင် ဆန်းပြီးအရမ်းချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ ဆံပင်ရှည်ရင် ဒီလိုလေးကျစ်ကြည့်နော်။

နောက်တစ်မျိုးအနေနဲ့ ကျစ်ဆံမြီးကို ဒီလိုလေးကျစ်လို့လည်း ရပါသေးတယ်။ အမြင်ဆန်းတဲ့ ကျစ်ဆံမြီးဒီဇိုင်းအဆန်းလေးပါပဲ။

ဒီကျစ်ဆံမြီးဒီဇိုင်းလေးဆိုရင်လည်း ရိုးရိုးပါပဲ။ ဒါပေမယ့် ခေါင်းစည်းကြိုးအကြီးကို ထိပ်မှာစည်းထားတာကြောင့် အမြင်ဆန်းသွားစေတာပါ။

လူငယ်ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ ကျစ်ဆံမြီးဒီဇိုင်းလေးပါ။ Festival ပွဲတွေနဲ့လည်း လိုက်ဖက်ပါတယ်။

ဆံပင်ချထားရတာပဲ ပိုသဘောကျတယ်ဆိုရင် ကျစ်ဆံမြီးကို ဒီလိုလေးကျစ်လို့ရတယ်နော်။

စတိုင်လ်ကျကျလေးတွေ ဝတ်ထားတဲ့အခါ ကျစ်ဆံမြီးကို ဒီလိုလေးကျစ်ကြည့်ပါ။ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။

ဒီကျစ်ဆံမြီးဒီဇိုင်းဆိုရင်လည်း ရိုးရိုးပါပဲ။ နောက်မှာချိတ်ထားတဲ့ accessories တွေကြောင့် အမြင်ဆန်းသွားစေပါတယ်။ ဒါလည်း festival ပွဲတွေနဲ့ လိုက်ဖက်တဲ့ ဆံပင်ဒီဇိုင်းပါပဲ။

မြင်နေကျဒီဇိုင်းနဲ့ လုံးဝမတူပဲ ကွဲထွက်နေစေမယ့် ကျစ်ဆံမြီးဒီဇိုင်းလေးပါ။ ကျစ်ဆံမြီးကျစ်ရတာကြိုက်ရင် ဒီလိုပုံစံလေးလည်း လုပ်ကြည့်နော်။

Photo source:www.pinterest.com