ဟေး… Social Media Profile အတွက် Selfie အသစ်လိုနေပြီလား ? ပုံမှန်ရိုက်နေကြ Selfie နဲ့မတူတာမျိုး လိုချင်နေတာလား ? ဒါဆိုရင် ဒီနည်းလေးတွေ စမ်းကြည့်ပါ။

ပုံမှန်ရိုက်နေကြ ပုံစံတွေနဲ့မတူဘဲ ကွဲပြားနေမှာ အသေချာပါ။

လည်ပင်းကို အရှေ့ကိုဆန့်ပါ

ပုံတူဓာတ်ပုံဆရာတော်တော်များများရဲ့ လက်ရာတွေကို ကြည့်ကြည့်ပါ။ တော်တော်များများက လည်ပင်းကို ရှေ့ကို ဆန့်ထားတဲ့ပုံစံဆိုတာ သတိထားမိမှာပါ။ Selfie ရိုက်တဲ့အခါ လည်ပင်းကို အရှေ့ကိုဆန့်ထုတ်တာက မျက်နှာကို ပါးလွှာစေပြီး မျက်လုံးကို ထင်ရှားပေါ်လွင်စေဖို့နဲ့ မေးစေ့နှစ်ထပ်ဖြစ်မနေအောင် ကူညီပေးပါလိမ့်မယ်။

Background

နောက်ခံက အရေးမကြီးဘူးလို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တော့ အရေးကြီးပါတယ်။ selfie ကို ပျက်စီးစေတဲ့အရာတွေ ဘေးပတ်ပတ်လည်မှာရှိနေတယ် ဖယ်လိုက်ပါ။ ဒါ့အပြင် နောက်ခံအရောင်တွေကလည်း အရေးကြီးပါတယ်။ သူတို့က မင်းရဲ့ ဝတ်စားဆင်ယင်မှုကို ထင်ရှားအောင် ကူညီပေးနိုင်ပါတယ်။

ပြုံးပါ

ချစ်စရာကောင်းတဲ့ selfie ရိုက်တဲ့အခါ ဒါမှမဟုတ် Portrait ရိုက်တဲ့အခါ လူတော်တော်များများက ကောင်းကောင်းပြုံးဖို့ မေ့သွားတတ်ကြပါတယ်။ နာမည်ကြီး Instagrammers တွေနဲ့ သူတို့ရဲ့ အမိုက်စား selfie ပုံတွေကို ကြည့်ကြည့်ပါ။ ပြုံးရုံပြုံးတာမဟုတ်ဘဲ စိတ်ပါလက်ပါပြုံးတာကို သတိထားမိမှာပါ။ တကယ်လို့ မပြုံးတတ်ဘူးဆိုရင် ရယ်စရာတစ်ခုခု၊ ဒါမှမဟုတ် သင့်ကိုပျော်ရွှင်စေတဲ့အရာတစ်ခုခုကို တွေးလိုက်ပါ။

အလင်းရောင်

selfie ရိုက်တဲ့အခါ Light က အရေးပါပါတယ်။ အလင်းရောင်များလွန်းရင် သင့်ကို ဖြူဖျော့သွားစေနိုင်သလို နည်းရင်လည်း ဓာတ်ပုံကို ဝါးစေပါတယ်။ ဒါကြောင့် ပုံမရိုက်ခင် အလင်းရောင်ကို အရင်စမ်းကြည့်ပါ။ ဘယ်နေရာက အကောင်းဆုံးလဲဆိုတာ ကြည့်ပါ။ ရိုက်တဲ့အခါ အလင်းကို မျက်နှာမူဖို့ မမေ့ပါနဲ့။

Black and White Selfie ရိုက်ပါ

ညနေဘက် လှလှလေးဝတ်ပြီး အပြင်ထွက်တဲ့အခါ ပုံမှန်အရောင်အစား အဖြူအမည်း Selfie ရိုက်ကြည့်ပါ။ ရုပ်ရှင်ကြယ်ပွင့်တစ်ဦးလိုမျိုး မိုက်နေမှာအသေချာပါ။

နေရာ

ဓာတ်ပုံရိုက်တဲ့အခါ ရောက်နေတဲ့နေရာကိုပြချင်တာမျိုးဆိုရင် ဥပမာ-ရောက်နေတဲ့မြို့ရဲ့ နာမည်ဆိုင်းဘုတ်အောက်မှာ ရပ်ပြီး ဓာတ်ပုံရိုက်ပါ။ ဒါမှမဟုတ် အဲ့မြို့ကိုသွားမယ့်ကားအရှေ့မှာ ဓာတ်ပုံရိုက်ပါ။

Good Side

လူတိုင်းမှာ မျက်နှာရဲ့တဖက်က တခြားတဖက်ထက် ပိုလှပါတယ်။ တချို့က ဘယ်ဘက် ၊ တချို့က ညာဘက်ပါ။ နာမည်ကြီး မော်ဒယ်တွေတောင် ဒါက ရှိပါတယ်။ ဒါကြောင့် အချိန်ရှိရင် ရှုထောင့်အမျိုးမျိုးကနေ ဓာတ်ပုံရိုက်ကြည့်ပါ။ ဒီလိုရိုက်တာက သင့်ရဲ့ Good Side ကိုရှာတွေ့ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။