တင်ပါးနဲ့ပေါင်မှာ အဆီတွေရှိနေရင် body fit တွေဝတ်တဲ့အခါမှာ ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် တင်ပါးနဲ့ပေါင်မှာရှိတဲ့အဆီတွေ ကျသွားအောင်ကူညီပေးမယ့် လေ့ကျင့်ခန်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း ၁

မတ်တပ်ရပ်၊ ခါးထောက်ပြီး ပုံမှာပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်ကို ဘေးကိုဆန့်ထုတ်ရမှာပါ။ ပြီးရင် ပြန်ချပြီး ပြန်ဆန့်ထုတ်ပါ။ အဲ့အတိုင်း ၁၅ ကြိမ်လုပ်ပေးရပါမယ်။ ဘယ်ခြေထောက်ဆန့်ထုတ်ပြီးရင် ညာခြေထောက်ကိုလည်း ၁၅ ကြိမ် ဆန့်ထုတ်ပြီးလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၂

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်ကို ဘေးဆန့်ပြီး တစ်ဖက်ကအရှေ့ကိုထုတ်ကာ ဒူးကွေးထားပါ။ ပြီးရင် မတ်တပ်ပြန်ရပ်ပါ။ ပြီးရင် အဲ့ပုံစံအတိုင်း ထပ်လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကိုလည်း ဘယ် ၁၅ ကြိမ်၊ ညာ ၁၅ ကြိမ်စီ လုပ်ရပါမယ်။

လေ့ကျင့်ခန်း ၃

A ပုံစံအတိုင်းစနေပြီး B ပုံစံပြောင်းလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကိုလည်း ဘယ်ခြေထောက် အနောက်ပို့တာ ၁၅ ကြိမ်၊ ညာခြေထောက် အနောက်ပို့တာ ၁၅ ကြိမ် လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၄

လက်ကိုထောက်ပြီး ပထမပုံထဲကလိုနေပေးပါ။ ပြီးမှ ခြေထောက်တစ်ဖက်ကို အပေါ်မြှောက်လိုက်၊ ပြန်စုလိုက်နဲ့ လုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းမှာလည်း ဘယ်၊ ညာ ၁၅ ကြိမ် စီလုပ်ပေးရမှာပါ။

လေ့ကျင့်ခန်း ၅

ပုံမှာပြထားတဲ့အတိုင်းနေပြီး မြှောက်ထားတဲ့ခြေထောက်ကို နာရီလက်တံပုံစံမျိုး ၁၅ ကြိမ်ပြည့်အောင် လှည့်ပေးနေရပါမယ်။ ပြည့်သွားရင် နောက်ခြေထောက်တစ်ဖက်မြှောက်ပြီး ၁၅ ကြိမ်ထပ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၆

ဘောလုံး (သို့) ဆိုဖာခုံပေါ်ကို ပထမပုံထဲကအတိုင်း ခြေထောက်တင်ထားပြီး ဒုတိယပုံထဲကလို ခန္ဓာကိုယ်ကို အပေါ်ကော့ပေးရမှာပါ။ လက်နဲ့ခေါင်းက ကြမ်းမှာကပ်ထားရပါမယ်။ အဲ့အတိုင်း အကြိမ် ၂၀ လုပ်ပေးပါ။

လေ့ကျင့်ခန်း ၇

Squats ထိုင်တဲ့ လေ့ကျင့်ခန်း လုပ်ပေးရပါမယ်။ ပုံမှာပြထားတဲ့အတိုင်း တစ်ဝက်ထိုင်ပေးရမှာပါ။ ပြီးရင် ဖြေးဖြေးချင်းပြန်ထပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၈

ဒီလေ့ကျင့်ခန်းကတော့ ယောဂဖြစ်တဲ့အတွက် လွယ်ပါတယ်။ ပုံမှာပြထားတဲ့အနေအထားအတိုင်း စက္ကန့် ၆၀ ပြည့်အောင်နေပေးရုံပါပဲ။

လေ့ကျင့်ခန်း ၉

ကြမ်းမှာလှဲအိပ်ပြီး ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်နဲ့ တင်ပါးအပေါ်ပိုင်းကို ကြမ်းနဲ့ကပ်ထားပါ။ ခြေထောက်နှစ်ဖက်ကိုပဲ ပူးကပ်ပြီးမြှောက်ပေးပါ။ ပြီးရင် ဖြေးဖြေးချင်းပြန်ချပါ။ ပြန်မြှောက်ပါ။ အဲ့အတိုင်း အကြိမ် ၂၀ လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၁၀

ကြမ်းမှာ ဒူးထောင်ပြီးလှဲနေပါ။ ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း ခန္ဓာကိုယ်ကို အပေါ်ကော့ပေးရပါမယ်။ ပြီးရင်ပြန်လှဲချပါ။ အဲ့အတိုင်း အကြိမ် ၂၀ လုပ်ပေးရပါမယ်။