အမျိုးသားနဲ့ အမျိုးသမီးရဲ့ အတွေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အမြင် ကွဲပြားကြပါတယ်။ သင်က စေတနာနဲ့ ပြောနေပေမယ့် သင့်ကောင်လေးက သင့်ကို ထိန်းချုပ်တတ်သူ တစ်ယောက် အဖြစ်မြင်နိုင်ပါတယ်။ ဘယ်သူမှ ကိုယ့်အပေါ် ထိန်းချုပ်နေတဲ့သူကို သဘောမကျကြပါဘူး။ ဒီလိုဆိုရင် သင့်အချစ်ရေးက သာယာနိုင်မှာ မဟုတ်ပါဘူး။ သင်က ဒီလို ထိန်းချုပ်တတ်သူ ဟုတ်မဟုတ် ဒီအချက်တွေနဲ့ ခွဲခြားသိနိုင်ပါတယ်။

၁။ မေးခွန်းတွေ အများကြီးမေးတတ်တာ

မိန်းကလေးတွေက အသေးစိပ် သိချင်ကြပါတယ်။ ဒါကြောင့် ချစ်သူဖြစ်သူက တစ်နေရာရာသွားရင် ဂဂနန အကုန်မေးတတ်ကြပါတယ်။ ယောက်ျားလေးတွေက ဒါကို သဘောမကျကြဘဲ တစ်ခါတလေ သင်ဘာမေးမှန်းတောင် သူတို့ မသိကြပါဘူး။ ဒါကြောင့် နောက်ခါကျရင် သင့်အနေနဲ့ အရေးကြီးတဲ့ အဓိက မေးခွန်းတွေကိုပဲ မေးသင့်ပါတယ်။

၂။ သူ့သူငယ်ချင်းတွေကို ကဲ့ရဲ့အထင်သေးတာ

ယောက်ျားလေးတွေဟာ သူတို့သူငယ်ချင်းအရင်းတွေကို အင်မတန် ခင်တတ်ကြပါတယ်။ သင်က သူ့သူငယ်ချင်းတွေကို သွားပြီး ဝေဖန်မယ်ဆိုရင်တော့ သင့်ကောင်လေးက သဘောကျမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ ဘာမှမပြောဘဲ နေသင့်ပါတယ်။

၃။ သူ့ကိုမမေးဘဲ အစီအစဉ်ချတာ

သင်က တစ်ခုခုဆိုရင် သူနဲ့ မတိုင်ပင်ဘဲ ကောက်လုပ်လိုက်တာက ထိန်းချုပ်တတ်တဲ့ အပြုအမူဆီ သွားတတ်ပါတယ်။ ယောက်ျားလေးတွေက တစ်ခုခု မလုပ်ခင် သူတို့နဲ့ တိုင်ပင်တာကို သဘောကျတတ်ပါတယ်။ သူတို့ရဲ့ သဘောထားကို ပြောပြချင်ကြပါတယ်။

၄။ သူ့နားမှာပဲ အချိန်ပြည့်ရှိချင်တာ

လူတစ်ယောက်နဲ့ တစ်ယောက် နေရာ၊ သီးသန့်အချိန်ပေးမှ နှစ်ယောက်ကြား စိတ်ဝင်စားမှုပိုများပြီး ပိုရင်ခုန်ဖို့ကောင်းပါတယ်။ သင်က အချိန်တိုင်း သူနဲ့ပဲ တွေ့ချင်တယ်ဆိုရင် ဒါက ထိန်းချုပ်တတ်တဲ့ အမူအရာပါပဲ။

၅။ တောင်းဆိုလွန်းတာ

ဘယ်သွားကြမယ်၊ ဘာလုပ်ကြမယ်ဆိုပြီး သင်က အမြဲပူဆာနေတတ်ဆိုရင် သူတို့က မကြိုက်ကြပါဘူး။

၆။ အတင်းတွန်းအားပေးတာ

သင်တို့ နှစ်ယောက်မှာ သင်က တစ်ခုခု လုပ်ဖို့ အတင်းတွန်းအားပေးတတ်သူ တစ်ယောက်ဆိုရင် သူတို့စိတ်ထဲမှာ သင်က ထိန်းချုပ်သူလို့ မြင်ကြပါလိမ့်မယ်။

၇။ သူတို့ကို သင့်ဘက်က ပြန်လိုက်တာ

ယောက်ျားလေးတွေက သူတို့ကို လိုက်တတ်တဲ့ ကောင်မလေးတွေဆိုရင် သိပ်သဘောမကျချင်ကြပါဘူး။ သင့်ကိုယ်သင် ယုံကြည်သင့်ပြီး သင့်တန်ဖိုးသင် သိသင့်ပါတယ်။ သူက အလိုလို သင့်နောက်လိုက်လာပါလိမ့်မယ်။

၈။ သူ့ကို တစ်ယောက်တည်း နေစေတာ

သင်က သူ့ကို သင့်အတွက်ပဲ အချိန်ပေးရမယ်ဆိုပြီး တခြားသူငယ်ချင်းတွေ၊ မိသားစုဝင်တွေအတွက် အချိန်မပေးခိုင်းရင်တော့ သင်က တကယ်ကို ထိန်းချုပ်သူ ဖြစ်နေပါပြီ။

၉။ ချိန်းခြောက်တာ

သူက ဒါမလုပ်ရင် သင်ကလည်း ဒီဟာ မလုပ်ပေးတော့ဘူးဆိုပြီး ချိန်းခြောက်တာမျိုးက သူ့ကို ထိန်းချုပ်တတ်သူဆိုပြီး ပြသနေပါတယ်။

၁၀။ သူ့ကို စစ်တာ

သူမရှိတဲ့အချိန် သင်က သူ့ဖုန်းကို စစ်တာ၊ သူ့စာအုပ်တွေ၊ ပစ္စည်းတွေကို လိုက်ကြည့်တာက သင်ဟာ သူ့အပေါ် ပါဝါပြတာ၊ အာဏာပြချင်တာပါ။

သင်က ထိန်းချုပ်သူ တစ်ယောက် မဖြစ်ချင်ရင် အပေါ်က အချက်တွေကို သတိထားကာ လျှော့လုပ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar