ပြင်သစ်နိုင်ငံလို့ ကြားလိုက်တာနဲ့ ဘယ်အရာကို သင်ပြေးမြင်မိလဲ။ များသောအားဖြင့်တော့ ပဲရစ် မျှော်စင် Eiffel Tower ကို ပြေးမြင်ကြမှာပါ။ ဒါ့အပြင် ပြင်သစ်နိုင်ငံသားတွေရဲ့ ဆွဲဆောင်မှု ရှိတဲ့ စကားပြောပုံကိုလည်း တချို့တွေ သတိထားမိကြမှာပါ။ ဒီလိုပဲ ပြင်သစ်နိုင်ငံဟာ အနောက်တိုင်းနိုင်ငံတွေထဲကမှ ချောမောတဲ့ အမျိုးသမီးတွေ အများအပြားရှိတဲ့ နိုင်ငံပါ။

ဒီအကြောင်းအရာကို ဖတ်ပြီးတာနဲ့ သင်က ပြင်သစ်နိုင်ငံသူတွေရဲ့ အလှအပ လျို့ဝှက်ချက်နဲ့ အတူ သူတို့ရဲ့ အလှအပ အပေါ်ထားတဲ့ သဘောထားတွေကို သိသွားပါလိမ့်မယ်။

၁။ ခဏခဏ ခေါင်းမဖြီးဘူး

ခေါင်းခဏခဏ ဖြီးတာက ဆံပင်ပါးစေတဲ့အပြင် ဆံပင်ပုံ ပျက်တတ်တာကြောင့် ပြင်သစ်သူတွေဟာ ရံဖန်ရံခါမှ ခေါင်းဖြီးကြပါတယ်။

၂။ မျက်နှာ အသားအရေကို ဂရုစိုက်ကြတယ်

ပြင်သစ်သူတွေဟာ တခြားနိုင်ငံတွေထက် မျက်နှာ အလှအပကို ပိုဂရုစိုက်ကြပါတယ်။ မျက်နှာကို ပုံမှန် အစိုဓာတ်ဖြည့်ပြီး နေလောင်ကာ ခရင်လိမ်းကာ နေ့ဘက်ဆိုရင် Thermal Water နဲ့ Spray ဖြန်းတတ်ကြပါတယ်။

၃။ မျက်နှာကိုလက်နဲ့ မထိဘူး

ပြင်သစ်က အမျိုးသမီးတွေဟာ မျက်နှာကို မဆေးထားတဲ့ လက်နဲ့ မထိဖို့ အထူးဂရုပြုကြပါတယ်။

၄။ SPF

ပြင်သစ်သူတွေဟာ နေလောင်ကာခရင် လိမ်းတဲ့အချိန် မျက်နှာအပြင် အိုမင်းရင့်ရော်မှု နှေးကွေးစေဖို့ လည်ပင်းနဲ့ လက်ကိုပါ လိမ်းလေ့ရှိပါတယ်။

၅။ အသက်ကြီးလာတာ ဓမ္မတာပဲ

ပြင်သစ်အမျိုးသမီးတွေက အိုမင်းရင့်ရော်ခြင်း ဖြစ်စဉ်ကို လက်ခံကြပြီး ထိုးတာ၊ ခွဲစိတ်တာတွေ မလုပ်ကြပါဘူး။

၆။ Beauty Routine ကို ပျော်စရာကောင်းအောင် ဖန်တီးတတ်ကြတယ်

သူတို့က အသားအရေ Skincare တဲ့အချိန် အေးအေးဆေးဆေး သီချင်းလေး ဖွင့်ပြီး သေချာ အချိန်ပေးလေ့ရှိကြပါတယ်။

၇။ ပါဝင်ပစ္စည်းတွေကို ကြည့်တယ်

ပြင်သစ်နိုင်ငံသူတွေက အလှအပ Product တွေ ဝယ်ရင် ဒီထဲက ပါဝင်ပစ္စည်းကို သတိထားကြည့်ကြပါတယ်။

၈။ ရေများများသောက်တယ်

ပြင်သစ်က ပျိုမေတို့ဟာ အလှအပ ဂရုစိုက်တဲ့အနေနဲ့ ရေများများ သောက်တတ်ကြပါတယ်။

၉။ အကောင်းဆုံးဖြစ်အောင်နေထိုင်ကြတယ်

ပြင်သစ်သူတွေက အစစအရာရာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေထိုင်ကြပါတယ်။

၁၀။ အလှအပ လျို့ဝှက်ချက်တွေကို ထိန်ချန်ထားကြတယ်

သူတို့က ရင်းနှီးသူတွေကိုပဲ အလှအပ ထိန်းသိမ်းပုံတွေကို ဝေမျှလေ့ရှိပါတယ်။ အထူးသဖြင့် ရေမွှေးနဲ့ ပတ်သက်ရင် ဘယ်တံဆိပ်သုံးလဲ သိုဝှက်ထားတတ်ကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar