အဝါရောင်ကြိုက်တဲ့ကောင်မလေးတွေအတွက် လှပတဲ့လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လက်သည်းပုံဖော်ဖို့အတွက် ဒီဇိုင်းစဉ်းစားရခက်နေရင်၊ အဝါရောင်ကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းတွေထဲက စိတ်ကြိုက်ရွေးလို့ရတာပေါ့။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရမ်းလှပြီး ချစ်ဖို့ကောင်းပါတယ်။ လက်သည်းအကြည်ဖော်မှာ ပုံဖော်ထားသလိုမျိုးလေးဖြစ်လို့ ပိုပြီးလှသွားစေတာပါ။

လူငယ်ဆန်ဆန်ဒီဇိုင်းလေး ပုံဖော်ချင်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းကိုသာ ရွေးချယ်ပါ။ ကာလာစုံလေးနဲ့မို့ ဖက်ရှင်လည်းကျပြီး ပိုလှစေပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း အရမ်းလှပါတယ်။ ဒီလိုဒီဇိုင်းမျိုးကို အဝါရောင်ပုံဖော်တာ ရှားပါတယ်။ ဒါကြောင့် အမြင်တစ်မျိုးဆန်းပြီး ပိုလှနေတာပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် တစ်ချောင်းထဲကို ပုံဖော်ထားတာဖြစ်လို့ ရှင်းရှင်းလေးနဲ့ လှပါတယ်။ ဒီဇိုင်းကလည်း မြင်နေကျပုံစံတွေနဲ့မတူတဲ့ ဒီဇိုင်းအဆန်းလေးဖြစ်ပါတယ်။

လက်သည်းနီကို matte type တွေဆိုးရင် အရမ်းမိုက်ပါတယ်။ ဒီလက်သည်းဒီဇိုင်းဆိုရင် matte type ကိုမှ အဝါနဲ့ အနက်ရောင်ကို တွဲဖက်ထားတာဖြစ်လို့ ဖက်ရှင်ကျပြီး အရမ်းမိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် တစ်ချောင်းထဲကို ဘဲပုံလေး ပုံဖော်ထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ပုံဖော်ထားတာ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။ လူကြီးလူငယ်အားလုံးနဲ့ လိုက်ဖက်တဲ့ဒီဇိုင်းမျိုးဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ကြက်ဥကြော်ပုံစံလေး ပုံဖော်ထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်။ လက်သည်းအချွန်ထားတဲ့သူတွေနဲ့ဆို ပိုပြီးလိုက်မှာပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ကိုယ်တိုင်တောင် အိမ်မှာပုံဖော်လို့ရပါသေးတယ်။ သွားကြားထိုးတံနဲ့ အစက်ချပြီး ပုံဖော်လိုက်ရုံပဲမို့ အရမ်းအဆင်ပြေပါတယ်။

နည်းနည်းလူကြီးဆန်တာမျိုး၊ ပန်းဒီဇိုင်းမျိုး ကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ အဝါနဲ့အနက်ကို စပ်ထားတာဖြစ်လို့ ဖက်ရှင်ကျပြီး အရမ်းလှပါတယ်။

photo source:www.pinterest.com