ကျောက်တွေကပ်ပြီး ခြေသည်းပုံဖော်ရတာကို ကြိုက်တဲ့သူများအတွက် လှပတဲ့ခြေသည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ အရမ်းလှပြီးမိုက်လည်းမိုက်တဲ့ ခြေသည်းဒီဇိုင်းတွေဖြစ်တာကြောင့် ကျောက်ကပ်ရတာ ကြိုက်တဲ့သူတွေဆိုရင်တော့ သဘောကျမှာသေချာပါတယ်။

အပြာကြိုက်တဲ့သူတွေဆိုရင် ဒီခြေသည်းဒီဇိုင်းမျိုးကို ရွေးချယ်သင့်ပါတယ်။ သူ့အပြာက ကာလာဆန်းလေးဖြစ်တဲ့အပြင် ကျောက်ကပ်ထားတာတွေကလည်း အရမ်းလှပါတယ်။

အစိမ်းနဲ့အဖြူကိုဆိုးပြီး ကျောက်တွေကပ်ထားတာက အရမ်းလှပြီး ကြည့်လိုက်တာနဲ့ ဒီဇိုင်းလည်းဆန်းပါတယ်။ ခြေထောက်လေးလည်း ပိုဖြူပြီးသန့်သွားစေမယ့် အရောင်လေးတွေပါ။

ကိုယ်ပုံဖော်မယ့်ဆိုင်မှာ ဒီလိုခဲပြာရောင်လေးရှိရင် ဆိုးဖြစ်အောင်ဆိုးပြီး ဒီခြေသည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ သူများနဲ့မတူပဲ အရမ်းလှနေမှာသေချာပါတယ်။

ဒီအရောင်လေးကတော့ အသားဆောင်ပြီး အရမ်းလှပါတယ်။ ကျောက်တွေကို ပုံဖော်ကပ်ထားတာကလည်း အရမ်းလှတာကြောင့် ပုံဖော်သင့်တဲ့ဒီဇိုင်းဖြစ်ပါတယ်။

အရမ်းကြီးတာမျိုးတွေကပ်တာကို ကြိုက်တယ်ဆိုရင်တော့ ဒီခြေသည်းဒီဇိုင်းလေးကို ရွေးချယ်နိုင်ပါတယ်။ ကြည့်လိုက်တာနဲ့ ကျော့ရှင်းပြီးလှနေတဲ့ ဒီဇိုင်းမျိုးပါ။

ဒီခြေသည်းဒီဇိုင်းနဲ့ အရောင်လေးတွေကတော့ အသားဆောင်ပြီး အရမ်းလှပါတယ်။ ပြူးပြဲနေတာမျိုးလည်းမဟုတ်ပဲ ခြေထောက်လေးပိုပေါ်လွင်စေမယ့် ဒီဇိုင်းမျိုးပါ။

ခြေထောက်ဆိုရင် တခြားအရောင်မဆိုးဘူး၊ အနီဘက်သွားတာပဲ ဆိုးရတာကြိုက်တယ်ဆိုရင်တော့ ဒီခြေသည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။

ခြေထောက်ဖြူရင် အဖြူရောင်လေးဆိုးပြီး ဒီလိုဒီဇိုင်းလေးပုံဖော်ကြည့်ပါ။ အဖြူရောင်မှာ ကျောက်တွေကပ်တာက သန့်ပြီးအရမ်းလှပါတယ်။

တချို့ကျ ခြေသည်းကိုအမဲဆိုးရတာပဲ ကြိုက်ပါတယ်။ အမဲဆိုးရတာကြိုက်ရင်တော့ ဒီလိုဒီဇိုင်းလေးကို ရွေးချယ်နိုင်ပါတယ်။ လူငယ်ဆန်ပြီး အရမ်းလှတဲ့ဒီဇိုင်းလေးပါ။

ဒီအပြာရောင်ကျတော့ လှပေမယ့် အသားဖြူတဲ့သူတွေနဲ့မှ ပိုလိုက်ပါမယ်။ အသားညိုရင် ပိုပြီးညိုသလို ဖြစ်သွားစေလို့ပါ။ ဒီခြေသည်းဒီဇိုင်းလေးဆိုရင် ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

photo source:www.pinterest.com