ခြေသည်းနီဆိုးတဲ့အခါမှာ ပုံမဖော်ချင်ရင် gel color ဗြောင်လေးတွေပဲဆိုးပါ။ တောက်တောက်ပြောင်ပြောင်လေးဖြစ်ပြီး အရမ်းလှပါတယ်။ ဒီခြေသည်းနီအရောင်လေးတွေကတော့ လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်ပြီး အရမ်းလည်းလှတဲ့ ခြေသည်းနီအရောင် ၁၀ မျိုးပဲ ဖြစ်ပါတယ်။

ဒီခြေသည်းနီအရောင်ဆိုရင် အရောင်ငြိမ်ပြီး ရင့်တဲ့အတွက် လူကြီးတွေ တော်တော်များများ ကြိုက်ကြပါတယ်။ ဒါပေမယ့် လူငယ်တွေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။ အသားဆောင်ပြီးလှတဲ့ အရောင်လေးပါ။

ဒီအရောင်လေးကတော့ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားပဲ အရမ်းလှတာပါ။ လူငယ်လူကြီး အားလုံးနဲ့ လိုက်ဖက်တဲ့အပြင် အသားအရောင်မရွေးလည်း လိုက်ဖက်ပါတယ်။

ဘိုဆန်ပြီး အရောင်ငြိမ်ငြိမ်လေးနဲ့ အသားဆောင်တာကတော့ ဒီခြေသည်းနီအရောင်လေးပါ။ တော်တော်များများလည်း အရမ်းကြိုက်ကြတဲ့ အရောင်လေးပါ။

ဒီခြေသည်းနီအရောင်လေးလည်း တူတူပါပဲ။ ဘိုဆန်တဲ့အရောင်ငြိမ်ငြိမ်လေးဖြစ်ပြီး အရမ်းလည်းအသားဆောင်ပါတယ်။ ဒါကြောင့် လူငယ်လူကြီး အားလုံးနဲ့ လိုက်ဖက်တာပါ။

တစ်ခါတစ်လေ အရောင်ရွေးရခက်နေတဲ့အခါ ဒီလိုရွှေရောင်မျိုးကို ရွေးဆိုးပါ။ အသားဆောင်ပြီးလှပါတယ်။

အရောင်ရင့်တာကြိုက်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ အရောင်လေးပါပဲ။ အရမ်းလှတဲ့အရောင်လေးပါ။

အရောင်နုတာကြိုက်တဲ့သူတွေအတွက် ဒီအရောင်လေးက ရှားပြီးအရမ်းလည်းလှပါတယ်။ အရောင်နုလို့ အသားမဲသွားမှာမျိုးလည်း မဖြစ်ပါဘူး။ သူက အသားဆောင်တဲ့အရောင်လေးပါ။

ဒီအရောင်လေးဆိုလည်း ဘယ်တော့မှရိုးမသွားပဲလှတာပါ။ လူငယ်လူကြီး အားလုံးနဲ့လိုက်ဖက်ပြီး အသားဆောင်ပါတယ်။

အရောင်နုနုဖတ်ဖတ်လေး ကြိုက်တယ်ဆိုရင် ဒီအရောင်လေးကိုလည်း ဆိုးကြည့်သင့်ပါတယ်။ မိန်းကလေးဆန်ပြီး အရမ်းလှတဲ့အရောင်လေးပါ။

ကြည့်လိုက်တာနဲ့ထင်းပြီး အသားဆောင်စေမယ့် အရောင်လေးပါ။ အရမ်းလှပါတယ်။ လူငယ်လူကြီး အားလုံးနဲ့လိုက်ဖက်တဲ့အပြင် အသားအရောင်မရွေးလည်း လိုက်ဖက်ပါတယ်။