လူငယ်ကောင်မလေးတွေအတွက် သေးသေးလေးနဲ့လှတဲ့ နားကပ်ဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ နားကပ်ကို သေးသေးလေးတွေပန်ရတာပဲ ကြိုက်တဲ့သူတွေဆိုလည်း သဘောကျမှာသေချာပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းလှတာကြောင့် ကိုယ်တိုင်ဒီဇိုင်းပြပြီး လုပ်မယ်ဆိုလည်း အရမ်းအဆင်ပြေပါတယ်။

အရမ်းအကုန်အကျမများပဲ နားကပ်ကိုစိန်လုပ်ချင်ရင် ဒီနားကပ်ဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ ရွှေကွင်းလေးနဲ့ အောက်မှာမှ စိန်သေးသေးလေးကို တွဲလောင်းလေးလုပ်ထားတာမျိုး အရမ်းလှပါတယ်။ ရိုးရှင်းပြီးလှတာကြောင့် လူငယ်ကောင်မလေးတွေအတွက် အသင့်တော်ဆုံးပါပဲ။

ခုနကလို အဝိုင်းဒီဇိုင်းမျိုးမကြိုက်ရင် ဒီလိုဒီဇိုင်းလေးလုပ်လို့လည်း ရပါတယ်။ နည်းနည်းလေးဆန်းပြီး လှလည်းလှတဲ့ ဒီဇိုင်းလေးဖြစ်လို့ လူငယ်ကောင်မလေးတွေအပြင် အသက် ၃၀ ကျော်အထိပါ လိုက်ဖက်ပါတယ်။

စိန် (သို့) ကျောက်နဲ့ပဲ ဒီဇိုင်းလုပ်ချင်ရင် ဒီနားကပ်ဒီဇိုင်းလေးက အရမ်းလှပါတယ်။ သေးသေးလေးနဲ့လှတာကြောင့် မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။

တွဲလောင်းနားကပ်တွေမကြိုက်ရင်တော့ ကပ်ကပ်လေးနဲ့ ဒီဇိုင်းဆန်းပြီးလှတဲ့ ဒီနားကပ်ဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ စိန်နဲ့လုပ်မယ်ဆိုလည်း ထင်းပြီးလှနေမှာပါ။ ကျောက်နဲ့လုပ်မယ်ဆိုလည်း လှနေမှာပါပဲ။

ဒီနားကပ်ဒီဇိုင်းလေးက ရိုးရိုးလေးနဲ့ဆန်းပါတယ်။ သေးသေးလေးနဲ့ အရမ်းချစ်ဖို့ကောင်းတာကြောင့် လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ပါတယ်။ စိန်နဲ့သာလုပ်ရင် ပိုလှမယ့် နားကပ်ဒီဇိုင်းလေးပါ။

နည်းနည်းဂေါ်ပြီးလှတာမျိုးလေး လုပ်ချင်ရင်တော့ ဒီနားကပ်ဒီဇိုင်းလေးက အရမ်းလှပါတယ်။ ဒီဇိုင်းဆန်းပြီး မိုက်တဲ့ပုံစံလေးဖြစ်လို့ လူငယ်ကောင်မလေးတွေကတော့ သဘောကျမှာပါ။

နားကပ်ကို ကုတ်ကုတ်လေးနဲ့ ဒီဇိုင်းဆန်းတာမျိုးလေးလုပ်ချင်ရင် ဒီနားကပ်ဒီဇိုင်းလေးက ဆန်းပါတယ်။ ဒီဇိုင်းကိုက ဆန်းပြီးလှနေတဲ့အတွက် စိန်နဲ့ပဲလုပ်လုပ်၊ ကျောက်နဲ့ပဲလုပ်လုပ် အဆင်ပြေပါတယ်။

ဘယ်တော့မှရိုးမသွားပဲ ပွဲတိုးပြီးလှတာကတော့ ဒီနားကပ်ဒီဇိုင်းလေးပါပဲ။ စိန်နဲ့သာလုပ်ရင် အရမ်းကိုလှပြီး တောက်ပြောင်နေမှာပါ။ လူငယ်ကောင်မလေးတွေအပြင် အသက် ၃၀ ကျော်တွေနဲ့ပါလိုက်ဖက်တဲ့ ဒီဇိုင်းလေး ဖြစ်ပါတယ်။

ခုနကလို ၃ ကွင်းဆက်ထားတဲ့ပုံစံမျိုးမလုပ်ချင်ရင် ဒီလိုတစ်ကွင်းထဲပုံစံလေးလည်း လုပ်လို့ရပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

ဒီဇိုင်းဆန်းပြီးလှတာမျိုးလေးဆိုရင်တော့ ဒီလိုအခက်လေးကလည်း အရမ်းလှပါတယ်။ မိန်းကလေးဆန်ပြီး အရမ်းလှသလို ပွဲလည်းတိုးတဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ ဒါ့အပြင် လူကြီးလူငယ်အားလုံးနဲ့လည်း လိုက်ဖက်ပါသေးတယ်။

Photo source:www.pinterest.com