လက်သည်းပုံဖော်ချင်တဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ လူကြီးလူငယ်အားလုံးနဲ့လိုက်ဖက်ပြီး အရမ်းလည်းလှတဲ့ ဆာကူရာပန်း လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ပန်းမကြိုက်တဲ့သူတောင်မှ ဆာကူရာပန်းဆိုရင် သဘောကျကြတာများပါတယ်။

ဆာကူရာလက်သည်းဒီဇိုင်း ၁၀ မျိုးထဲမှာတော့ ဒီလက်သည်းဒီဇိုင်းလေးက အလှဆုံးဖြစ်မှာပါ။ ဒီဇိုင်းကအသေးစိတ်ကျပြီး အရမ်းလှတဲ့အပြင် အရောင်ကလည်း အရမ်းအသားဆောင်ပါတယ်။

ခရမ်းရောင်လေးကြိုက်ရင်တော့ ဒီဆာကူရာလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ပါ။ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းတာကြောင့် လူငယ်ကောင်မလေးတွေနဲ့ဆို ပိုပြီးလိုက်ဖက်မှာပါ။

ပန်းပုံကိုထင်းနေတာမျိုးလေး ကြိုက်ရင်တော့ ဒီဆာကူရာဒီဇိုင်းလေးကို သဘောကျမှာပါ။ အရမ်းလှတဲ့အတွက် လူကြီးလူငယ် အားလုံးနဲ့လည်း လိုက်ဖက်ပါတယ်။

လက်သည်းအချွန်လေးထားရင် ဒီဆာကူရာလက်သည်းဒီဇိုင်းလေးနဲ့ အရမ်းလိုက်ပါတယ်။ ပန်းအရိပ်ဒီဇိုင်းလေးဖြစ်လို့ တစ်မျိုးဆန်းပြီး လှပါတယ်။ ဒါလည်း လူကြီးလူငယ်အားလုံးနဲ့ လိုက်ဖက်တဲ့ဒီဇိုင်း ဖြစ်ပါတယ်။

Glitter လေးတွေပါတာမျိုးကြိုက်ရင်တော့ ဒီဆာကူရာပန်း လက်သည်းဒီဇိုင်းလေးက အရမ်းလှပါတယ်။ လက်လည်းပိုပေါ်လွင်စေပါတယ်။

ဆာကူရာပန်းလက်သည်းဒီဇိုင်းကို ပုံဖော်ရင် ခရမ်းနဲ့ပန်းရောင်ကိုပဲ အောက်ခံဆိုးပြီး ပုံဖော်ကြတာများပါတယ်။ ဒါလေးကတော့ မိုးပြာရောင်ကို အောက်ခံထားပြီး ပုံဖော်ထားတာဖြစ်လို့ တစ်မျိုးဆန်းပြီး လှပါတယ်။

ဒီဆာကူရာလက်သည်းဒီဇိုင်းလေးဆိုလည်း ချစ်ဖို့ကောင်းပါတယ်။ အရောင်နုနုလေးဖြစ်လို့ ပွဲတွေသွားစရာရှိရင်တောင် ဒီလိုဒီဇိုင်းလေးပုံဖော်ရင် အရမ်းလိုက်ပါတယ်။

လက်သည်းကိုတစ်ရောင်ထဲဆိုးရတာ မကြိုက်ရင် ဒီလိုအရောင်စုံလေးဆိုးပြီး ဆာကူရာပန်းဒီဇိုင်း ပုံဖော်ကြည့်ပါ။ အမြင်တစ်မျိုးဆန်းပြီး ချစ်ဖို့ကောင်းတာကြောင့် လူငယ်ကောင်မလေးတွေနဲ့ ပိုလိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် ကြည့်လိုက်တာနဲ့ ထင်းပြီး အရမ်းလှပါတယ်။ လူကြီးတွေနဲ့ဆို ပိုလိုက်မှာပါ။

လက်သည်းအရှည်မထားရင် ဆာကူရာပန်းဒီဇိုင်းကို ဒီလိုလေးပုံဖော်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။