လက်သည်းနီဆိုရင် အရောင်နုနုလေးတွေပဲဆိုးရတာကို ကြိုက်တယ်ဆိုတဲ့ မိန်းကလေးတွေအတွက် အရမ်းလှတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးတွေထဲက ကိုယ်ကြိုက်တာလေးကို save ထားပြီး ဆိုင်မှာလုပ်မယ်ဆိုရင် လက်သည်းပုံဖော်ဖို့အတွက် ထွေထွေထူးထူး ဒီဇိုင်းစဉ်းစားနေစရာ မလိုတော့ဘူးပေါ့။

လက်သည်းပုံဖော်ရင်လည်း ရှုပ်တဲ့ဒီဇိုင်းတွေ ပုံဖော်ရတာကို မကြိုက်တဲ့သူတွေအတွက်တော့ ဒီလက်သည်းဒီဇိုင်းလေးက အရမ်းလှပါတယ်။ လက်မတစ်ချောင်းထဲကို ပုံဖော်ထားတာဖြစ်လို့ ပိုပြီးဆန်းသွားစေပါတယ်။ အရောင်ကလည်း အသားဆောင်တဲ့ အရောင်လေးပါ။

လူငယ်ကောင်မလေးတွေဆိုရင် ကာလာစုံလေးဆိုးချင် ဒီလိုအရောင်နုနုလေးတွေကို ဆိုးပစ်ပါ။ အရမ်းလှပြီး fancy ဆန်ပါတယ်။

ပန်းရောင်နဲ့ ချိုချဉ်ရောင်လို အရောင်လေးတွေကို ကြိုက်တဲ့သူတွေဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ ဘယ်အချိန်ကြည့်ကြည့် အရမ်းလှနေမယ့် ဒီဇိုင်းနဲ့ အရောင်လေးပါ။

အရောင်နုနုလေးကိုမှ ဘိုဆန်တာလေးကြိုက်ရင် ဒီလိုအရောင်မျိုးကို ရွေးဆိုးပါ။ ပုံဖော်ချင်တယ်ဆိုလည်း ဒီလက်သည်းဒီဇိုင်းလေးက ရိုးရှင်းပြီး အရမ်းလှပါတယ်။

ဒီလက်သည်းနီအရောင်နဲ့ ဒီဇိုင်းလေးဆိုလည်း အရမ်းလှပါတယ်။ အဲ့အရောင်လေးက အသားဖြူဖြူ၊ ညိုညို အားလုံးနဲ့လိုက်ဖက်တဲ့ အရောင်လေးပါ။

ခရမ်းရောင်ကြိုက်ရင်တော့ ဒီလိုအရောင်နုနုလေးဆိုးပြီး လိပ်ပြာပုံလေး ပုံဖော်ကြည့်ပါ။ အရမ်းလှပြီး လူငယ်ဆန်ပါတယ်။

အစိမ်းရောင်ကြိုက်တဲ့သူတွေအတွက်တော့ ဒီလက်သည်းဒီဇိုင်းလေးက အရမ်းလှပါတယ်။ ပွဲတွေသွားစရာရှိတဲ့အခါမှာလည်း အရမ်းအဆင်ပြေတဲ့ လက်သည်းဒီဇိုင်းမျိုးပါ။

ဒီဇိုင်းဆန်းတာမျိုးကြိုက်ရင်တော့ အရောင်နုနုလေးတွေနဲ့စပ်ပြီး ဒီလိုလေးပုံဖော်ဆိုးလို့လည်း ရပါသေးတယ်။

အရောင်နုနုလေးတွေထဲမှာဆိုရင် ပန်းရောင်နဲ့မိုးပြာရောင်လေးက အရမ်းလိုက်ဖက်ပါတယ်။ ဒီလက်သည်းဒီဇိုင်းဆိုရင် အဲ့ ၂ ရောင်ကိုစပ်ပြီး ပုံဖော်ထားတာဖြစ်လို့ အရမ်းလှပြီးဖက်ရှင်ကျပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ အဝါနဲ့ခရမ်းကို စပ်ပြီးပုံဖော်ထားတာဖြစ်လို့ ဒီဇိုင်းဆန်းပြီး အရမ်းလှသလို မိုက်လည်းမိုက်ပါတယ်။

photo source:www.pinterest.com