ဆွဲကြိုးကို လော့ကတ်နဲ့ဆွဲရတာမျိုး မကြိုက်တဲ့သူတွေလည်း ရှိမှာပါ။ တချို့ကျတော့လည်း ဆွဲကြိုးသေးသေးမျှင်မျှင်လေးတွေကို ဆွဲရတာကြိုက်ကြပါတယ်။ ဒါကြောင့် လူငယ်ကောင်မလေးတွေအတွက် လော့ကတ်သီးသန့်မလိုတဲ့ လှပသောဆွဲကြိုးဒီဇိုင်းများကို မျှဝေပေးလိုက်ပါတယ်။ အားလုံးကလည်း သေးသေးမျှင်မျှင် ဒီဇိုင်းလေးတွေဖြစ်တာကြောင့် သဘောကျမယ်လို့ ထင်ပါတယ်။

ဒီဆွဲကြိုးဒီဇိုင်းလေးဆိုရင် အသည်းပုံသုံးခုအတန်းလေးဖြစ်တာကြောင့် အရမ်းချစ်ဖို့ကောင်းပြီး လူငယ်ဆန်ပါတယ်။ ဒီဇိုင်းကလည်း သိပ်ပြီးမြင်ရလေ့မရှိတဲ့ ဒီဇိုင်းဖြစ်တာကြောင့် ရိုးရိုးလေးနဲ့ ဆန်းပါတယ်။ ကိုယ်တိုင်ဒီဇိုင်းအပ်ချင်တဲ့အခါမှာလည်း ဒီဆွဲကြိုးဒီဇိုင်းလေးတွေက အသုံးဝင်မှာပါ။

ဒီဆွဲကြိုးဒီဇိုင်းလေးဆိုရင် ကပ်ပြီးတော့ လုံးဝကို သေးသေးမျှင်မျှင်လေးပါ။ အရမ်းချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။

ကိုယ်နှစ်သက်ရာစာလုံးလေးတွေနဲ့ ဒီလိုမျိုးဒီဇိုင်းလေး လုပ်လို့လည်းရပါတယ်။ Fancy ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ပုံစံမျိုးပါ။

ခုနကလိုမဟုတ်ပဲ စာလုံးတွေကို ဒီလိုဘေးဘက်လေးမှာ လုပ်လို့လည်းရပါတယ်။ ဒါကတော့ ပိုပြီးဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။

ဒါကတော့ ရင်းနှီးပြီးသားဒီဇိုင်း ဖြစ်မှာပါ။ ကိုယ့်နာမည်စာသားလေးနဲ့မို့ ချစ်ဖို့ကောင်းပြီး လူငယ်ဆန်ပါတယ်။

ဒီဆွဲကြိုးဒီဇိုင်းလေးကတော့ လုံးဝကိုရိုးရှင်းပြီး ချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ဘယ်တော့မှလည်း ရိုးမသွားမယ့်ဒီဇိုင်းလေးပါ။

ဒီဆွဲကြိုးဒီဇိုင်းကတော့ ဒီဇိုင်းဆန်းပြီးလှပါတယ်။ လူငယ်ကောင်မလေးတွေအပြင် အသက် ၃၀ ကျော်တွေနဲ့ပါ လိုက်ဖက်ပါတယ်။

ဒီဆွဲကြိုးဒီဇိုင်းလေးကတော့ အရမ်းလှပါတယ်။ ကောင်လေးတွေ ကိုယ့်ချစ်သူကို လက်ဆောင်ပေးချင်တဲ့အခါမှာလည်း သုံးလို့ကောင်းတဲ့ ဒီဇိုင်းလေးပါ။

V ပုံစံ ဆွဲကြိုးဒီဇိုင်းလေးက ရိုးရှင်းပြီး အရမ်းလှပါတယ်။ ဘယ်တော့မှလည်း ရိုးမသွားမယ့်ဒီဇိုင်းလေးပါ။ လူငယ်တွေအပြင် အသက် ၃၀ ကျော်တွေအထိပါလိုက်ဖက်တဲ့ ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။

ကိုယ်ကြိုက်နှစ်သက်ရာ စာလုံးတစ်လုံးထဲနဲ့လုပ်လို့ရတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ သူလည်းရိုးရှင်းပြီး ချစ်ဖို့ကောင်းတာကြောင့် မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။

photo source:www.pinterest.com