လက်သည်းပုံဖော်ချင်တဲ့ မိန်းကလေးတွေအတွက် အသားဆောင်ပြီး အရမ်းလှတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်တဲ့ လက်သည်းဒီဇိုင်းလေးတွေလည်း ဖြစ်ပါတယ်။

ဒီအရောင်လေးက ရှားပြီးတော့ အရမ်းလှတဲ့ အရောင်လေးပါ။ အရမ်းလည်းအသားဆောင်ပါတယ်။ ပုံဖော်ထားတဲ့ ဒီဇိုင်းကလည်း ရှင်းရှင်းလေးဆိုတော့ လုံးဝကို Perfect ဖြစ်ပြီးလှနေတာပါပဲ။

လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်တဲ့ အရောင်နဲ့ဒီဇိုင်းလေး ဖြစ်ပါတယ်။ ခြေသည်းမှာပုံဖော်ပြီးဆိုးလည်း အရမ်းလှပါတယ်။

နက်ပြာရောင်လေးဆိုးပြီး ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းကတော့ ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေတာပါပဲ။ ဒါလည်း လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်ပါတယ်။

ဘိုဆန်ပြီး အသားဆောင်တဲ့ အရောင်လေးကို ပုံဖော်ထားတဲ့ ဒီဇိုင်းလေးကလည်း လှပါတယ်။

အပြာရောင်ကြိုက်တဲ့သူတွေအတွက် အသားဆောင်ပြီး လူငယ်ဆန်ဆန်နဲ့လှတဲ့ အရောင်လေးကို ရှင်းရှင်းလေးဖြစ်အောင် ပုံဖော်ထားတာပါ။

ဒီလိုခရမ်းရောင်လေးကလည်း နည်းနည်းရှားပါတယ်။ ဒါကြောင့် ဒီလိုအရောင်မျိုးတွေ့ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်နော်။ အရမ်းလှပါတယ်။

အရောင်ငြိမ်တာလေးတွေကြိုက်တယ်ဆိုရင်တော့ ဒီလက်သည်းအရောင်နဲ့ ဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။

နောက်ထပ် အသားဆောင်ပြီးလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဒီဇိုင်းလည်းဆန်းပါတယ်။

တစ်ရောင်ထဲမဆိုးချင်တဲ့သူတွေအတွက် အရောင်စုံစပ်ဆိုးထားပြီး အရမ်းလှတဲ့ ဒီဇိုင်းလေးပါ။ ဆိုးထားတဲ့ အရောင်တွေကလည်း အကုန်အသားဆောင်ပါတယ်။

အသားဖြူဖြူညိုညို အားလုံးနဲ့လိုက်ဖက်ပြီး အရောင်ငြိမ်ငြိမ်လေးနဲ့ အရမ်းလည်းအသားဆောင်တဲ့ အရောင်လေးကို ရှင်းရှင်းလေးဖြစ်အောင် ပုံဖော်ထားတာပါ။ အရမ်းလှပါတယ်။

Photo source:www.pinterest.com