လက်သည်းအရှည်ကိုမှ အချွန်လေးထားတဲ့သူတွေအတွက် ပုံဖော်လို့ရအောင် လှပတဲ့လက်သည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လက်သည်းပုံဖော်ဖို့ ဒီဇိုင်းကို ခေါင်းရှုပ်ခံပြီး စဉ်းစားနေစရာမလိုအောင် ဒီလက်သည်းဒီဇိုင်းလေးတွေကိုသာ ရွေးချယ်လိုက်နော်။

ရှင်းရှင်းလေးနဲ့လှတာမျိုးဆိုရင် ဒီလိုလေးပုံဖော်ကြည့်ပါ။ အရောင်ကိုနုတာလေးတွေပဲဆိုးဆိုး၊ ရင့်တာပဲဆိုးဆိုး ပုံဖော်ရင်အရမ်းလှတဲ့ ဒီဇိုင်းဖြစ်တဲ့အပြင် လူကြီးလူငယ် အားလုံးနဲ့လည်း လိုက်ဖက်ပါတယ်။

အသားဆောင်ပြီး ငြိမ်ငြိမ်လေးနဲ့လှတဲ့ အရောင်နဲ့ ဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။ ဒီလက်သည်းဒီဇိုင်းဆိုလည်း လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်တာပါပဲ။

ဖဲပြားလေးတွေက ၂၀၂၄ မှာ အရမ်းခေတ်စားနေတာဆိုတော့ လက်သည်းအချွန်ထားတဲ့သူတွေ ပုံဖော်ဖို့အတွက် လှပတဲ့ ဖဲပြားဒီဇိုင်း လက်သည်းလေးပါ။

ဒီလိုအကွက်ဒီဇိုင်းမျိုးက သိပ်ပြီးပုံဖော်လေ့မရှိတဲ့အတွက် သူများနဲ့မတူချင်ရင် ပုံဖော်ကြည့်သင့်တဲ့ လက်သည်းဒီဇိုင်းပါ။

အရောင်ကအစ အရမ်းလှပြီး ဒီဇိုင်းကလည်း ရှင်းရှင်းလေးနဲ့လှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်တဲ့အပြင် ခြေထောက်မှာ ပုံဖော်လည်း အရမ်းလှပါတယ်။

အသည်းပုံလက်သည်းဒီဇိုင်းပုံဖော်မယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။ အရမ်းလှပါတယ်။ ဒီလက်သည်းဒီဇိုင်းပုံဖော်တဲ့အခါ လက်သည်းနီအရောင်ကို အနက်၊ နီညိုရောင်တွေဆိုးတာက ပိုလှပါတယ်။

အနက်ရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် ရှင်းရှင်းလေးနဲ့လှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းက အရမ်းဆန်းသစ်နေတာမျိုး မဟုတ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် လူငယ်ဆန်ပြီးလှပါတယ်။ လက်သည်းအချွန်တွေနဲ့မှ ပိုလိုက်ဖက်တဲ့ဒီဇိုင်းလည်းဖြစ်ပါတယ်။

အသည်းပုံပဲ ပုံဖော်နေရတာရိုးလာပြီဆိုရင် အသည်းကွဲနေတဲ့ဒီဇိုင်းလေး ပုံဖော်ကြည့်နော်။ အမြင်ဆန်းပြီးလှတာပေါ့။ ဒီလက်သည်းဒီဇိုင်းက လက်သည်းအချွန်တွေမှာ ပုံဖော်မှ ပိုလှတာပါ။

ကမ်းခြေသွားတဲ့အခါမှာ ပုံဖော်သင့်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဒီဇိုင်းဆန်းပြီးလှပါတယ်။