လက်သည်းအရှည်ကို အချွန်မထားပဲ Square Shape ထားတဲ့ ကောင်မလေးတွေအတွက် လှပတဲ့လက်သည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လက်သည်းပုံဖော်တဲ့အခါ တကူးတက ဒီဇိုင်းစဉ်းစားနေစရာမလိုအောင် ဒီထဲက လက်သည်းဒီဇိုင်းလေးတွေကို ရွေးထားလိုက်နော်။
Accessories ကပ်ရတာကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ အရောင်ကအစ လင်းပြီးလှတဲ့ အရောင်လေးပါ။
လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းမျိုးကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။
အရောင်ငြိမ်ပြီး ဒီဇိုင်းဆန်းတာလေး ပုံဖော်ချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက အရမ်းလှပါတယ်။
နောက်ထပ်ဘိုဆန်ပြီး အရောင်ငြိမ်ငြိမ်လေးနဲ့လှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ Square Shape လက်သည်းလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။
ပန်းရောင်နုနုလေးဆိုးမယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ရွေးချယ်ပါ။ Square Shape လက်သည်းလေးတွေနဲ့ အရမ်းလိုက်ဖက်ပြီး ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။
အဝါရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် ရှင်းရှင်းလေးနဲ့လှတဲ့ လက်သည်းဒီဇိုင်းလေးပါ။
Square Shape လက်သည်းလေးတွေနဲ့ လိုက်ဖက်တဲ့ နောက်ထပ်လက်သည်းဒီဇိုင်းလေးပါ။ ခရမ်းရောင်ကြိုက်တဲ့ ကောင်မလေးတွေဆို သဘောကျမယ်လို့ ထင်ပါတယ်။
ဒီဇိုင်းဆန်းပြီးလှတဲ့ ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း Square Shape လက်သည်းလေးတွေမှာမှ ပိုပြီးပုံဖော်လို့ကောင်းတာပါ။
လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ Square Shape လက်သည်းလေးတွေနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းမျိုးလည်း ဖြစ်ပါတယ်။
Square Shape လက်သည်းလေးတွေအတွက် နောက်ထပ်အရမ်းလှတဲ့ Mermaid လက်သည်းဒီဇိုင်းလေးပါ။
Square Shape လက်သည်းလေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရောင်ကလည်း အသားဆောင်တဲ့ အရောင်လေးဖြစ်ပါတယ်။
Photo source:www.pinterest.com