Almond Shape လက်သည်းအချွန်ထားတဲ့သူတွေအတွက် လှပတဲ့လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

လက်သည်းနီအနက်ရောင်ဆိုးရတာကိုကြိုက်ရင် ဒီလက်သည်းဒီဇိုင်းကို ကြိုက်မှာပါ။ ငွေရောင်နဲ့စပ်ထားတာဖြစ်လို့ မိုက်လည်းမိုက်သလို အရမ်းလည်းလှပါတယ်။

Matte ဆိုးမယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းနဲ့ အရောင်ကို ရွေးချယ်ပါ။ အရမ်းလှပါတယ်။ လူကြီးလူငယ် အားလုံးနဲ့လည်းလိုက်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။

အရောင်နုနုလေးလည်းကြိုက်တယ်၊ ဒီဇိုင်းလည်းနည်းနည်းဆန်းချင်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးက အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် လက်သည်းအချွန်နဲ့မှလှတဲ့ ဒီဇိုင်းမျိုးပါ။ အရမ်းလှသလို အရောင်တွေစပ်ထားတာလည်း မိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းကျတော့ ပွဲတွေသွားစရာရှိတဲ့အခါမျိုးမှာ အရမ်းလိုက်ဖက်ပါတယ်။ လူကြီးလူငယ် အကုန်လုံးနဲ့လည်း လိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ ဘိုဆန်ပြီး အရမ်းလှပါတယ်။

ဒီဇိုင်းနဲ့ သုံးထားတဲ့အရောင်တွေက match ဖြစ်ပြီး အရမ်းလှတဲ့ ဒီဇိုင်းလေးပါ။ အသားဆောင်တဲ့ အရောင်လေးတွေဖြစ်ပြီး ဒီဇိုင်းကလည်း လူကြီးလူငယ် အားလုံးနဲ့လိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကတော့ လူငယ်ကောင်မလေးတွေ သဘောကျမှာပါ။ အရောင်လေးတွေကအစ လူငယ်ဆန်ပြီးလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရောင်ကအသက်ပါပဲ။ အရောင်နုနုလေးတွေကြိုက်ရင် ဒါမျိုးလေးပုံဖော်ကြည့်ပါ။

ဒီလက်သည်းဒီဇိုင်းနဲ့အရောင်ကျတော့ လူကြီးတွေနဲ့ ပိုပြီးလိုက်ပါတယ်။ အရမ်းလှတဲ့အတွက် ပွဲလည်းတိုးတဲ့ဒီဇိုင်းလေးပါ။

Photo source:www.pinterest.com