လက်သည်းအရှည်ကို Almond Shape ထားတာက လက်ကိုပိုသွယ်စေပါတယ်။ လူငယ်လူကြီး အားလုံးနဲ့လည်း လိုက်ဖက်တဲ့ လက်သည်း Shape လေးပါ။ ဒါကြောင့် လက်သည်းအရှည်ကို Almond Shape ထားတဲ့သူတွေအတွက် လှပတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။ မြင်နေကျနဲ့သိပ်မတူတဲ့ ဒီဇိုင်းအဆန်းလေးတွေလည်း ပါတာကြောင့် လက်သည်းပုံဖော်ရတာ ဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ရွေးချယ်စရာပါပဲ။

ပန်းပုံကိုမှ မြင်နေကျနဲ့မတူအောင် ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ လူငယ်လူကြီး အားလုံးနဲ့လိုက်ဖက်ပြီး လှလည်းလှပါတယ်။

မိန်းကလေးဆန်ဆန်နဲ့ ထင်းပြီးလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ လူငယ်ကောင်မလေးတွေ ရွေးချယ်သင့်တဲ့ ဒီဇိုင်းလေးပါပဲ။

လိပ်ပြာပုံလေးတွေ ပုံဖော်ရတာကို ကြိုက်တဲ့ ကောင်မလေးတွေ ရွေးချယ်သင့်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင်လည်း လူငယ်လူကြီး အားလုံးနဲ့လိုက်ဖက်သလို အရမ်းလည်းလှပါတယ်။

Almond Shape လက်သည်းလေးတွေနဲ့မှ ပိုလိုက်ဖက်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဒီဇိုင်းလေးဆန်းပြီး လှပါတယ်။

Almond Shape လက်သည်းလေးတွေနဲ့မှ ပိုလိုက်ဖက်တဲ့ နောက်ထပ် လက်သည်းဒီဇိုင်းလေးပါ။ မြင်နေကျဒီဇိုင်းတွေနဲ့ သိပ်မတူပဲ ကွဲထွက်ပြီးလှတဲ့ ဒီဇိုင်းလေးပါပဲ။

အကွက်လေးပုံဖော်ပြီးမှ အသဲပုံလေးထပ်ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ အမြင်ဆန်းပြီးလှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

လိပ်ပြာပုံလေးတွေကြိုက်တဲ့ ကောင်မလေးတွေအတွက် နောက်ထပ် အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

မြင်နေကျဒီဇိုင်းတွေနဲ့မတူတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဒါလည်း Almond Shape လက်သည်းလေးတွေနဲ့မှ ပိုလိုက်ဖက်တဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။

အဖြူရောင်ကို ဗြောင်ဆိုးတာက ရိုးတယ်ဆိုတော့ ဒီလိုလေးပြောင်းဆိုးပြီး ပုံဖော်ကြည့်နော်။ ဒီဇိုင်းဆန်းပြီး လူငယ်ဆန်ပါတယ်။ ဒါလည်း Almond Shape လက်သည်းလေးတွေမှာ ပုံဖော်မှ ပိုလိုက်ဖက်တာပါ။