ပွဲတက်စရာရှိတဲ့အခါမှာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်က ပွဲရှင်ဖြစ်လို့ ဆံပင်ကို လှလှလေး ပြင်ဆင်ချင်တဲ့ မိန်းကလေးတွေအတွက် အရမ်းလှတဲ့ ဆံပင်ပြင်ဆင်ပုံ ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဆန်းသစ်တဲ့ပုံစံလေးတွေလည်းဖြစ်လို့ လူငယ်ကောင်မလေးတွေဆိုလည်း သဘောကျမှာ သေချာပါတယ်။

ဒီဆံပင်ပြင်ဆင်ပုံလေးဆိုရင် လူငယ်လေးတွေကနေ အသက် ၄၀ ဝန်းကျင်အထိ လိုက်ဖက်တဲ့ပုံစံလေးပါ။ အရမ်းလှလို့ သူများပွဲတက်ရင်ပဲဖြစ်ဖြစ်၊ ကိုယ့်ပွဲအတွက်ပဲဖြစ်ဖြစ် ပြင်ဆင်လို့ရပါတယ်။

ပန်းလေးတပ်ထားတဲ့ပုံစံကြောင့် ဒီဇိုင်းပိုဆန်းသွားစေတဲ့ ဆံပင်ပြင်ဆင်ပုံလေးပါ။ ဆံပင်အုံထူတဲ့သူတွေနဲ့ဆို ပိုလိုက်ပါတယ်။

ဆံပင်ကို ရိုးရိုးရှင်းရှင်းလေးပဲ ပြင်ချင်တယ်ဆိုရင် ဆံထုံးလေးထုံးပြီး ဒီလိုဖဲပြားအဖြူလေးတပ်လိုက်ပါ။ ဒီဆံပင်ပြင်ဆင်ပုံလေးက ဆံပင်အမဲလေးတွေကို ပြင်ရင် ပိုလှပါတယ်။ ထင်းပြီးလှနေမှာပါ။

ရိုးရိုးလေးနဲ့ ဒီဇိုင်းဆန်တဲ့ ဆံပင်ပြင်ဆင်ပုံလေးပါ။ မြင်နေကျပုံစံတွေနဲ့မတူပဲ ကွဲထွက်စေပါတယ်။ ဆံထုံးမထုံးချင်ရင် ဒီလိုလေးသာ ပြင်ကြည့်ပါ။

ဒီဆံပင်ပြင်ဆင်ပုံလေးဆိုရင်လည်း မြင်နေကျပုံစံတွေနဲ့မတူပဲ ဆန်းပြီးတော့ အရမ်းလှပါတယ်။ ဆံပင်အမဲလေးတွေပြင်ရင်တော့ ပိုလှပါတယ်။

ဒီဆံထုံးပုံစံလေးကျတော့ လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်ပြီး အရမ်းလှသလို ဒီဇိုင်းကလည်း အရမ်းမရိုးပါဘူး။

ဆံပင်ကို ကပိုကယိုလေး ပြင်ဆင်ချင်တယ်ဆိုရင်တော့ ဒီလိုလေးသာ ပြင်ကြည့်ပါ။ ပုံစံလေးဆန်းပြီး အရမ်းလှပါတယ်။

ဆံပင်ချထားရတာမျိုးပဲကြိုက်တဲ့ လူငယ်ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ ဆံပင်ပြင်ဆင်ပုံလေးပါ။

ဆံပင်ချထားရတာလေးပဲကြိုက်တယ်ဆိုရင် ဘီးကုပ်လှလှလေးတပ်ပြီး ဆံပင်ကို ဒီလိုပြင်ကြည့်ပါ။ ရိုးရိုးလေးနဲ့ လှပါတယ်။

ဒီဆံပင်ပြင်ဆင်ပုံလေးဆိုလည်း ရိုးရိုးလေးပါပဲ။ ပုလဲလေးတွေ တပ်ထားတာကြောင့် အမြင်တစ်မျိုးဆန်းပြီး ပိုလှသွားစေပါတယ်။

Photo source:www.pinterest.com