ပွဲတက်တဲ့အခါမှာဆိုရင် ပွဲနဲ့လိုက်ဖက်အောင် ဆံပင်ကို လှလှပပလေး ပြင်ဆင်သွားမယ်ဆိုရင် ပိုပြီးတော့ Perfect ဖြစ်သွားမှာပါ။ မိန်းကလေးတစ်ယောက်အတွက် ဆံပင်ပြင်ဆင်ပုံက ပိုပြီးလှပတဲ့ ပြောင်းလဲမှုကို ဖြစ်စေပါတယ်။ ဒါကြောင့်
ပွဲတက်တဲ့အခါမှာပြင်ဆင်ဖို့အတွက် လှပတဲ့ Hairstyles 10 မျိုးကို မျှဝေပေးလိုက်ပါတယ်။

ဆံပင်အုံထူတဲ့မိန်းကလေးတွေဆိုရင် ဆံပင်ကို ဒီလိုလေးပြင်ကြည့်ပါ။ ပုံမှန်ထက်အမြင်ဆန်းပြီး လှပနေပါလိမ့်မယ်။ ဒီ Hairstyle လေးက ဘယ်လိုဖက်ရှင်မျိုးနဲ့မဆိုလည်း လိုက်ဖက်ပါတယ်။

ဆံပင်အတိုဆိုရင်တော့ ဒီလိုလေး ပုံသွင်းပြီးကောက်သွားပါ။ 90s Style လေးနဲ့ ကြော့မော့ပြီး အရမ်းလှနေပါလိမ့်မယ်။

ဒီ Hairstyle လေးကတော့ ပွဲတက်အတွက် လူငယ်ဆန်ပြီး လှနေစေမှာပါ။ မျက်နှာသေးသေးလေးတွေနဲ့ ပိုပြီးလိုက်ပါတယ်။

ဆံပင်ကို ကောက်ပြီးစည်းမယ်ဆိုရင် ရိုးရိုးပုံစံမဖြစ်အောင် ထိပ်နားမှာ ဒီလိုကျောက်လေးတွေကပ်တာမျိုး ပြင်ကြည့်ပါ။ အမြင်ဆန်းပြီး ပိုလှပါတယ်။

ဆံပင်အုံထူရင် ရှင်းရှင်းလေးနဲ့လှတဲ့ ဒီ Hairstyle လေးကို ပြင်ကြည့်ပါ။ ပွဲတက်အတွက်လည်း လိုက်ဖက်ပါတယ်။

လူငယ်ဆန်ပြီး ကပိုကယိုလေးနဲ့ အရမ်းလှနေစေမယ့် ပွဲတက် Hairstyle လေးပဲဖြစ်ပါတယ်။

ပွဲတက်အတွက် Simple ဖြစ်ပြီးလှတဲ့ Hairstyle လေးပါ။ လူငယ် လူကြီး အားလုံးနဲ့လိုက်ဖက်တဲ့ Hairstyle လေးလည်း ဖြစ်ပါတယ်။

ဆံပင်အဖြောင့်လေးဆိုရင် ဘာမှသိပ်မပြင်ချင်တဲ့အခါ ပွဲတက်အတွက် ဒီ Hairstyle လေးကိုသာ ရွေးချယ်လိုက်နော်။

ဒါကတော့ ရှင်းရှင်းလေးနဲ့ လူငယ်ဆန်ပြီးလှတဲ့ ပွဲတက် Hairstyle လေးပါ။ ဘီးကုပ်လေးက အသက်ပါပဲ။

ပွဲတက်အတွက် ဆံပင်ကို ဒီလိုအမြင့်စည်းပြီး ထိပ်နားဆံစလေးတွေကို ဒီလိုပြင်တာလေးတွေကလည်း အရမ်း Trends ဖြစ်ပါတယ်။