ဒီတစ်ခါမှတော့ ဆံပင်ရှည်တဲ့ကောင်မလေးတွေအတွက် လှပတဲ့ဆံပင်ပြင်ဆင်ပုံ ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဆံပင်ကို သူများနဲ့မတူအောင် လှလှပပလေး ပြင်ဆင်ချင်တယ်ဆိုရင် ဒီဆံပင်ပြင်ဆင်ပုံလေးတွေကို သဘောကျမှာ သေချာပါတယ်။

ဆံပင်ကို အမြဲတမ်းတစ်ဝက်စည်းတာမျိုးတွေပဲ လုပ်နေမယ့်အစား ဒီလိုလေးပြင်ကြည့်ပါ။ အရမ်းလှပါတယ်။

ဆံပင်ကိုရိုးရိုးလေးပဲ တစ်ဝက်စည်းမယ်ဆိုရင်လည်း ကလစ်လှတာလေး၊ ဒီဇိုင်းဆန်းတာလေးကို တပ်ပါ။ ဒါဆိုရင် ဘာမှတောင်သိပ်ပြင်နေစရာမလိုပဲ လှသွားပါလိမ့်မယ်။

ဒီဆံပင်ပြင်ဆင်ပုံလေးကတော့ ခေတ်စားနေတဲ့ပုံစံလေးပါပဲ။ ဒီတော့ သူများနဲ့မတူအောင် ပြင်မယ်ဆိုရင် ကလစ်ဒီဇိုင်းဆန်းပြီးလှတာလေးကို ရွေးချယ်ပါ။

ဆံပင်ကိုရှင်းရှင်းလေးပဲ ပြင်ဆင်ချင်တယ်ဆိုရင် ဒီလိုဆံထုံးလေးထုံးပြီး ဆံထိုးလှလှလေးထိုးကြည့်နော်။ အရမ်းလှပါတယ်။

ရိုးရိုးလေးနဲ့ဆန်းတဲ့ ဆံပင်ပြင်ဆင်ပုံလေးပါ။ ကပိုကယိုလေးနဲ့ လှနေမှာ သေချာပါတယ်။

ဒါကတော့ လူငယ်ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းပြီးလှတဲ့ ဆံပင်ပြင်ဆင်ပုံလေးပါ။

တည်ငြိမ်ပြီးလှတဲ့ပုံစံလေး ပြင်ဆင်ချင်တယ်ဆိုရင် ဆံပင်ကို ဒီလိုလေးပြင်ကြည့်နော်။ ကလစ်လှလှလေးတွေ များများဆောင်ထားပါ။ ဒါဆိုရင် အမျိုးမျိုးတပ်လို့ရတာပေါ့။

ဆံထုံးအမြင့်လေးထုံးပြီး ဒီလိုကလစ်ဒီဇိုင်းဆန်းတာလေး တပ်လိုက်မယ်ဆိုရင် ဆံပင်ပုံစံလေးပါ အမြင်တစ်မျိုးပြောင်းပြီး ပိုလှသွားပါလိမ့်မယ်။

ဆံပင်အုံထူတယ်ဆိုရင် ဆံပင်ကိုဒီလိုလေးပြင်ကြည့်နော်။ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။

လူငယ်ဆန်ပြီး လှပတဲ့ နောက်ထပ်ဆံပင်ပြင်ဆင်ပုံလေးပါ။ ဆန်းသစ်တဲ့ပုံစံလေးတွေ ပြင်ဆင်ချင်ရင် ဒီဆံပင်ပြင်ဆင်ပုံလေးကိုလည်း Try ကြည့်နော်။

Photo source:www.pinterest.com