ရွှေလက်စွပ်ကို ကိုယ်ကြိုက်တဲ့ဒီဇိုင်းအပ်ပြီး လုပ်ချင်ပေမယ့် ဘယ်လိုဒီဇိုင်းမျိုးလုပ်ရမှန်း မသိတဲ့သူတွေအတွက် အိုင်ဒီယာရသွားအောင် လူငယ်ဆန်ပြီးလှတဲ့ ရွှေလက်စွပ်ဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ဒီလက်စွပ်ဒီဇိုင်းလေးဆိုရင် နှင်းဆီပန်းပုံလေးနဲ့ အရိုးတံလေးပါပါနေတော့ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ဆို အရမ်းလိုက်မယ့် ဒီဇိုင်းလေးပါ။

ဒီလိုလက်စွပ်ဒီဇိုင်းလေးကျတော့ fancy ဆန်ပြီးလှတာကြောင့် လူငယ်ကောင်မလေးတွေ ပိုပြီးသဘောကျမှာပါ။

ဒီလက်စွပ်ဒီဇိုင်းလေးက အရမ်းလှပါတယ်။ မိန်းကလေးတိုင်းနဲ့လိုက်ပြီး ကြည့်လိုက်တာ လက်လေးပေါ်လွင်ပြီး ထင်းနေမှာပါ။

ဒီလက်စွပ်းဒီဇိုင်းကတော့ နည်းနည်းဆန်းပြီး အရမ်းလှပါတယ်။ ရွှေကို ကျောက်နဲ့ပဲဖြစ်ဖြစ်၊ စိန်နဲ့ပဲဖြစ်ဖြစ် လှနေစေမယ့် ဒီဇိုင်းမျိုးဖြစ်ပြီး ထည်လည်းထည်ပါတယ်။

ရိုးရိုးလေးနဲ့လှတာမျိုး၊ ထင်းနေတာမျိုး ကြိုက်တယ်ဆိုရင်တော့ ဒီလက်စွပ်ဒီဇိုင်းလေးက ဘယ်တော့မှရိုးမသွားပဲ လှနေမယ့် ဒီဇိုင်းလေးပါ။

ရိုးရိုးရှင်းရှင်းလေးပဲကြိုက်တဲ့သူတွေအတွက်တော့ ဒီလက်စွပ်ဒီဇိုင်းလေးက အရိုးရှင်းဆုံးနဲ့ အလှဆုံးပါပဲ။

ပတ္တမြားကြိုက်တဲ့သူတွေဆိုရင် ဒီလိုဒီဇိုင်းလေးတွေလုပ်ပါ။ အရမ်းလှပြီး ထည်တာကြောင့် ကြည့်လိုက်တာနဲ့တင် ထင်းနေစေပါတယ်။

ရွှေချည်းပဲလုပ်ချင်ရင် ဒီလိုဒီဇိုင်းလေးက fancy ဆန်ပြီးလှလို့ လူငယ်ကောင်မလေးတွေနဲ့ဆို အရမ်းလိုက်ပါတယ်။

ရွှေလက်စွပ်ကို သေးသေးမျှင်မျှင်လေးတွေ ကြိုက်ရင်တော့ ဒီလက်စွပ်ဒီဇိုင်းလေးတွေက လူငယ်ဆန်ပြီး အရမ်းလှပါတယ်။

ရွှေချည်းပဲကို ဒီဇိုင်းဆန်းပြီး fancy ဆန်တာမျိုးလုပ်ချင်ရင် ဒီလိုဒီဇိုင်းလေးလည်း လုပ်လို့ရပါတယ်။ ဒီလက်စွပ်ဒီဇိုင်းလေးက နာမည်စာသားလေးနဲ့မို့ ကောင်မလေးကို လက်ဆောင်ပေးမယ်ဆိုလည်း အရမ်းမိုက်ပါတယ်။

Photo source:www.pinterest.com