နက်ပြာရောင်က လက်သည်းခြေသည်းကိုဆိုးရင် အသားဆောင်ပြီး အရမ်းလှပါတယ်။ ဘယ်တော့မှရိုးမသွားစေမယ့် အရောင်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် လက်သည်းဒီဇိုင်းတွေထဲမှာတော့ အသားဆောင်ပြီးလှတဲ့ နက်ပြာရောင် လက်သည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ရှင်းရှင်းလေးနဲ့လှပြီး ဒီဇိုင်းလည်းဆန်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ လက်သည်းတိုင်းကို ပုံမဖော်ချင်ရင် ဒီလိုတစ်ချောင်းထဲ ပုံဖော်ကြည့်ပါ။

နောက်ထပ်လှပတဲ့ နက်ပြာရောင် လက်သည်းဒီဇိုင်းလေးပါ။ လူကြီးလူငယ်မရွေး လိုက်ဖက်တဲ့ ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။

ဒီဇိုင်းဆန်းပြီး ရှင်းရှင်းလေးနဲ့ အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ Matte ဆိုးမယ်ဆိုရင် ဒီလိုလေးပုံဖော်ကြည့်နော်။

မှင်တွေပြန့်နေသလိုမျိုး ပုံဖော်ထားတဲ့ ဒီနက်ပြာရောင် လက်သည်းဒီဇိုင်းလေးကလည်း အရမ်းလှပါတယ်။

လက်သည်းအချွန်ထားတဲ့သူတွေအတွက် အိမ်မှာတောင် အလွယ်တကူပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်း ရှင်းရှင်းလေးပါ။

လူကြီးလူငယ်မရွေး၊ လက်မှာပဲဖြစ်ဖြစ် ခြေထောက်မှာပဲဖြစ်ဖြစ် အရမ်းလှနေစေမယ့် လက်သည်းဒီဇိုင်းလေးပါ။ နက်ပြာရောင်ဖြစ်လို့ ပိုလှသွားတာပါ။

ဒီလိုကျောက်ကပ်တာမျိုးက သိပ်လည်းပုံဖော်လေ့မရှိကြလို့ သူများနဲ့မတူတဲ့ ဒီဇိုင်းဆန်းတာမျိုးကို ပုံဖော်ချင်ရင် ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။

လက်သည်းအတို၊ အရှည် အားလုံးလိုက်တဲ့ လက်သည်းဒီဇိုင်းလေးပါ။

လက်သည်းအရှည်ထားတဲ့သူတွေအတွက် နောက်ထပ်လှပတဲ့ နက်ပြောရောင် လက်သည်းဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း အရမ်းလှပါတယ်။ ဒါပေမယ့် လက်သည်းရှည်မှ ပိုပြီးတော့ ပုံဖော်ရတာအဆင်ပြေသလို ပိုပြီးတော့လည်း လှမှာပါ။

Photo source:www.pinterest.com