Color Tattoo လေးတွေက အမြင်မရိုင်းပဲ အရမ်းလှသလို မိန်းကလေးတွေနဲ့လည်း လိုက်ဖက်ပါတယ်။ ဒါကြောင့် Tattoo ထိုးမယ်ဆိုရင် Color လေးတွေနဲ့ထိုးဖို့ အကြံပေးချင်ပါတယ်။ ဘယ်လိုပုံစံ Design တွေဆိုရင် အရမ်းလှလဲဆိုတာကို သိရအောင်လို့ မိန်းကလေးတွေအတွက် အရမ်းလှတဲ့ Color Tattoo Designs 10 မျိုးကို မျှဝေပေးလိုက်ပါတယ်။

Tattoo ကို ကြီးတာလည်းထိုးချင်တယ်၊ ပန်းပုံလေးလည်း ထိုးချင်တယ်ဆိုရင် ဒီ Design လေးက အရမ်းလှပါတယ်။

ယုန်ချစ်တဲ့သူတွေဆိုရင် ဒီ Tattoo Design လေးကို သဘောကျမယ်လို့ ထင်ပါတယ်။ အရမ်းချစ်ဖို့ကောင်းပါတယ်။ Color နဲ့မို့ ပိုချစ်ဖို့ကောင်းသွားတာပါ။

သေးသေးလေးနဲ့ အရမ်းချစ်ဖို့ကောင်းတာလေး ထိုးချင်တယ်ဆိုရင်တော့ ဒီ Tattoo Design လေးကိုသာ ရွေးချယ်လိုက်ပါ။

ဒီ Tattoo Design လေးဆိုရင်လည်း ရိုးရိုးလေးနဲ့ အမြင်ဆန်းပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

လိပ်ပြာပုံလေးပုံဖော်မယ်ဆိုရင် ဒီ Tattoo Design လေးက ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ ပန်းပုံလေးပါနေတာကြောင့် ပိုလှသွားတာပါ။

Design ဆန်းတာမျိုး ထိုးချင်တယ်ဆိုရင် ဒီ Tattoo Design လေးက အရမ်းလှပါတယ်။ သုံးထားတဲ့ Color လေးတွေကလည်း စုံနေတာကြောင့် အမြင်ဆန်းပြီး အရမ်းလှတာပါ။

ဒီ Tattoo Design လေးဆိုရင် မြင်နေကျနဲ့မတူပဲ ဆန်းလည်းဆန်းသလို အရမ်းလည်းလှပါတယ်။ ရင်ဘတ်တို့၊ ပခုံးတို့မှာ ထိုးမယ်ဆိုရင် အရမ်းလှပါတယ်။

2024 မှာတော့ ဖဲပြားပုံလေးတွေ Tattoo ထိုးတာ၊ လက်သည်းပုံဖော်တာ၊ အဝတ်အစားမှာဆိုလည်း ဖဲပြားပုံလေးတွေပါတာမျိုး ခေတ်စားလာမှာပါ။ ဖဲပြားပုံလေးက ပန်းရောင်ဖြစ်လို့ မိန်းကလေးတွေနဲ့လည်း အရမ်းလိုက်ဖက်တယ်နော်။

ပန်းပုံလေးတွေထိုးမယ်ဆိုရင် နောက်ကျောမှာဆိုရင် ဒီလိုလေးအရှည်လိုက် ထိုးလို့ရပါတယ်။ အရမ်းလှတဲ့ Tattoo Design လေးပါပဲ။

အရမ်းလှပြီး Design လည်းဆန်းတာမျိုး သူများနဲ့မတူတာမျိုး ထိုးချင်တယ်ဆိုရင်တော့ ဒီ Tattoo Design လေးကိုသာ ရွေးချယ်လိုက်နော်။