ခြေသည်းကို တခြားအရောင်ဆိုးတာထက် အနက်ရောင်နဲ့ အနီရောင် စိုစိုတောက်တောက်လေးတွေ ဆိုးတာက ပိုလှပြီး ခြေထောက်ပိုပေါ်စေပါတယ်။ ခြေထောက်အသားလည်း ပိုဖြူသလို ဖြစ်သွားစေပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ အနက်ရောင်ကြိုက်တဲ့သူတွေအတွက် လှပတဲ့ အနက်ရောင်ခြေသည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးကတော့ အနက်ရောင်ချည်းပဲ ဆိုးပြီးပုံဖော်ထားတာမျိုး မဟုတ်ပါဘူး။ အဖြူနဲ့ရောထားတာကြောင့် ခြေထောက်ပိုပေါ်ပြီး လှပါတယ်။ ပုံဖော်ထားတဲ့ဒီဇိုင်းကလည်း CHANEL ကို ပုံဖော်ထားတာ အရမ်းမိုက်ပါတယ်။

ဒီဇိုင်းရှုပ်တာမျိုးမကြိုက်ဘူး၊ ဒီဇိုင်းဆန်းတာလေးတော့ ပုံဖော်ချင်တယ်ဆိုရင် ဒီခြေသည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်ပါ။

ဒီခြေသည်းဒီဇိုင်းလေးကျတော့ ဖဲပြားလေးကပ်ပြီး ပုံဖော်ထားတာဖြစ်လို့ ချစ်ဖို့ကောင်းသလို၊ လှလည်းလှပါတယ်။ မိန်းကလေးအရမ်းဆန်တဲ့ ဒီဇိုင်းမျိုးလေးပါ။

အနက်ရောင်ဆိုးပြီး ခြေမတစ်ချောင်းထဲကို ပုံဖော်ထားတာမို့ ဘယ်တော့မှရိုးမသွားပဲ လှနေမှာပါ။ ခြေသည်းခွံသေးရင် ခြေမတစ်ချောင်းထဲကို ဒီလိုလေးပုံဖော်လို့ရပါတယ်။

ပန်းပွင့်ဒီဇိုင်းလေးတွေကြိုက်ရင် အနက်ရောင်ဆိုးပြီး ဒီလိုလေးပုံဖော်ကြည့်ပါ။ ဒီဇိုင်းမရှုပ်ပဲ အရမ်းလှပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးဆိုရင် ရှင်းရှင်းလေးနဲ့ ဒီဇိုင်းဆန်းပြီးလှပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ဆို ပိုပြီးလိုက်မှာပါ။

Matte type ဆိုးမယ်ဆိုရင် ဒီခြေသည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ အရမ်းလှပြီး ခြေထောက်အသားဆောင်စေပါတယ်။

Fancy ကျကျလေးဆိုးပြီးပုံဖော်ချင်ရင် ဒီခြေသည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

ခြေသည်းနီကိုအနက်ရောင်ဆိုးပြီး ကျောက်ကပ်ရင် အရမ်းလှပါတယ်။ လူကြီးလူငယ်အားလုံးနဲ့လည်း လိုက်ဖက်ပါတယ်။

ပုံမဖော်ချင်ရင် ခြေမတစ်ချောင်းထဲကို ဒီလိုလေးဆိုးကြည့်ပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ လှပတဲ့ဒီဇိုင်းလေးပါပဲ။

Photo source:www.pinterest.com