လက်သည်းနီဆိုးရင် တချို့က အနက်ရောင်ပဲ ကြိုက်ကြပါတယ်။ အနက်ရောင် လက်သည်းနီက ဘယ်အချိန်ကြည့်ကြည့် အရမ်းလှပြီး အသားဆောင်တာကြောင့် မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်ပါတယ်။ ဒါကြောင့် လက်သည်းနီဆိုရင် အနက်ရောင်ပဲ ကြိုက်တဲ့သူတွေအတွက် ပုံဖော်တဲ့အခါမှာ လှနေစေမယ့် လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

လက်သည်းနီအနက်ရောင်ကိုမှ matte type ဆိုးမယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းကို ရွေးချယ်ပါ။ အရမ်းလှပြီး ပွဲလည်းတိုးတဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ ရှင်းရှင်းလေးနဲ့လှတဲ့ ပုံစံလေးပါ။ လူငယ်ကောင်မလေးတွေနဲ့ ပိုပြီးတော့ လိုက်ဖက်ပါတယ်။

အနက်ရောင်ကို ဗြောင်တွေမဆိုးချင်ဘူးဆိုရင် ဒီလက်သည်းဒီဇိုင်းကို ရွေးချယ်ပါ။ ဒီဇိုင်းဆန်းပြီး အရမ်းလှသလို အသားလည်းဆောင်ပါတယ်။ လူကြီး၊ လူငယ် အားလုံးနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းမျိုးပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရမ်းလှပါတယ်။ လူကြီး၊ လူငယ် အားလုံးနဲ့လိုက်ဖက်ပြီး ခြေထောက်ပုံဖော်မယ်ဆိုရင် ထင်းပြီးပေါ်လွင်နေမယ့် ဒီဇိုင်းလေးပါ။

လက်သည်းနီကို အနက်ရောင်ကြီးပဲ မဆိုးချင်ဘူးဆိုရင် ဒီလိုလေးအရောင်စပ်ဆိုးပြီး ကျောက်ကပ်တာမျိုး ပုံဖော်ကြည့်ပါ။

လက်သည်းအရှည်မထားတဲ့သူတွေဆိုရင် ပုံဖော်မယ်ဆို ဒီလက်သည်းဒီဇိုင်းလေးကို ရွေးချယ်လို့ရပါတယ်။ ချစ်ဖို့ကောင်းပြီး ဒီဇိုင်းလည်းဆန်းတာကြောင့် လူငယ်ကောင်မလေးတွေနဲ့ကတော့ ပိုပြီးလိုက်ဖက်မှာပါ။

ရိုးပြီးချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းမျိုးကြိုက်ရင်တော့ အဖြူနဲ့အနက်ကို စပ်ပြီး ဒီလိုလေးပုံဖော်ကြည့်ပါ။

ဒီလက်သည်းဒီဇိုင်းကတော့ ဆန်းတာမျိုးမဟုတ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားပဲ အရမ်းလှတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ လက်သည်းအချွန်လေးတွေနဲ့တော့ ပိုပြီးလိုက်ပါတယ်။

Cat eyes ကိုမှ အနက်ရောင်ဆိုးရင် အရမ်းလှပါတယ်။ ထင်းပြီးပေါ်လွင်နေစေမယ့် အနက်နဲ့ ခဲအဖြူကို ဒီလိုလေးရောစပ်ပြီးဆိုးရင် ပိုတောင်လှပါသေးတယ်။

အနက်ရောင်ကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကိုလည်း တစ်ခါလောက်တော့ ပုံဖော်ကြည့်ပါ။ အရမ်းလှပါတယ်။ လက်သည်းရှည်ရင် ပိုတောင်လှပါတယ်။ ခြေထောက်မှာပုံဖော်မယ်ဆိုလည်း ထင်းပြီးလှနေမယ့် ဒီဇိုင်းမျိုးပါ။

Photo source:www.pinterest.com