လက်သည်းပုံဖော်ရင် accessories တွေကပ်ရတာကိုကြိုက်တဲ့ မိန်းကလေးတွေအတွက် လှပကြော့ရှင်းတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

အပြာရောင်ကြိုက်တဲ့သူတွေဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်သင့်ပါတယ်။ ရှင်းရှင်းလေးနဲ့ အရမ်းလှတဲ့ ဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရမ်းကိုလှပကြော့ရှင်းတဲ့ ဒီဇိုင်းလေးပါ။ လူငယ်တွေအပြင် လူကြီးတွေနဲ့ပါလိုက်ဖက်တဲ့ ဒီဇိုင်းလည်းဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကတော့ ဒီဇိုင်းဆန်းပြီး အရမ်းလှသလို၊ အရမ်းလည်းချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေ ပိုသဘောကျမှာ သေချာပါတယ်။

လက်သည်းနီဆိုရင် အမဲပဲကြိုက်တဲ့သူတွေကတော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ အရမ်းလှပြီးဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းလေးပါ။

လက်သည်းကို accessories တွေကပ်မယ်ဆိုရင် အဖြူရောင်လေးက အရမ်းလှပါတယ်။ wedding အတွက်ဆိုရင် အရမ်းကို perfect ဖြစ်ပြီး လှနေမယ့် ဒီဇိုင်းလေးပါ။

Kawaii ဒီဇိုင်းလေးတွေကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက အရမ်းချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။ ပန်းရောင်လေးဖြစ်တာကြောင့် မိန်းကလေးတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။

Cow nail ဒီဇိုင်းတွေ ခေတ်စားနေချိန်မှာ ဒီလိုမျိုး accessories လေးပါကပ်ပြီးတော့ ပုံဖော်လို့လည်း ရပါသေးတယ်နော်။ လက်သည်းကို အရှည်ကြီးထားတတ်တဲ့သူတွေနဲ့ဆိုရင် အရမ်းလိုက်ပါတယ်။

အမဲရောင်ကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကိုလည်း ပုံဖော်လို့ရပါသေးတယ်။ ရှင်းရှင်းလေးနဲ့ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။ သူ့အရောင်လေးက အသားဆောင်ပြီး အရောင်ငြိမ်တာကြောင့် မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။

လုံးဝကို ရှင်းရှင်းလေးနဲ့လှတာမျိုးကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက အရမ်းလှပါတယ်။ အဖြူရောင်ဖြစ်နေတာကြောင့် ပိုပြီးလှပါတယ်။

photo source:www.pinterest.com