ခရမ်းရောင်ကို Crazy ဖြစ်သူများအတွက် လှပပြီးချစ်ဖို့လည်းကောင်းတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ကြိုက်တဲ့ လက်သည်းဒီဇိုင်းလေးပါနေရင် လက်သည်းပုံဖော်ဖို့ ဆိုင်သွားတဲ့အခါ ခေါင်းရှုပ်ခံပြီး စဉ်းစားနေစရာမလိုတော့ဘူးပေါ့။

ဒီခရမ်းရောင် လက်သည်းဒီဇိုင်းလေးဆိုရင် အနုနဲ့အရင့်ကို တွဲဆိုးပြီး ပုံဖော်ထားတာ အရမ်းလှပါတယ်။ ဒီဇိုင်းဆန်းပြီး အရောင်ကလည်း အသားဆောင်ပါတယ်။

Matte ဆိုးမယ်ဆိုရင် ခရမ်းရောင်ကို ဒီလိုလေးဆိုးကြည့်ပါ။ အရမ်းလှပါတယ်။ ဘယ်တော့မှလည်း ရိုးမသွားမယ့် ဒီဇိုင်းလေးပါ။

ရိုးရိုးလေးနဲ့လှတဲ့ လက်သည်းဒီဇိုင်း ဖြစ်ပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးကျတော့ ခရမ်းရောင်အရင့်ဆိုးတာထက် အနုဆိုးတာနဲ့ ပိုလိုက်ပါတယ်။

ဒီဇိုင်းဆန်းပြီး ခရမ်းရောင်ကလည်း အနုလေးဖြစ်တာကြောင့် ပိုလှသွားစေပါတယ်။ လက်သည်းအရှည်မထားရင်တောင် ဒီလက်သည်းဒီဇိုင်းနဲ့ဆို အရမ်းလိုက်ပါတယ်။

ရှင်းရှင်းလေးပဲကြိုက်ရင် ဒီလိုလေးသာပုံဖော်ပါ။ ဒီလက်သည်းဒီဇိုင်းလေးကျတော့ matte ဆိုးရင် ပိုလှပါတယ်။ ခရမ်းရောင်ကို အနုအရင့် ဘယ်လိုဆိုးဆိုး လှပါတယ်။

လင်းပြီးလှနေမယ့် ဒီဇိုင်းမျိုးလေး ဖြစ်ပါတယ်။ လူငယ်ကောင်မလေးတွေဆို ပိုပြီးကြိုက်မှာပါ။

လက်သည်းဆက်မယ်၊ အတုတပ်မယ်ဆိုရင် ဒီလိုလေးဆိုးကြည့်ပါ။ ဘယ်တော့မှရိုးမသွားပဲ အရမ်းလှပါတယ်။ ခရမ်းရောင်ကိုမှ ဒီလိုရောင်ပြေးလေးဖြစ်နေတာမျိုးကို ရွေးကြည့်ပါ။

ဒီလက်သည်းဒီဇိုင်းလေးက မဆန်းပေမယ့် ခရမ်းရောင်နဲ့ဆိုးပြီး ပုံဖော်ရင် အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေး ဖြစ်ပါတယ်။

ဒီဇိုင်းဆန်းပြီး အရမ်းလှတဲ့ လက်သည်းဒီဇိုင်းဖြစ်ပါတယ်။ ခရမ်းရောင်လေးဖြစ်နေလို့ကို ပိုပြီးလှနေတာပါ။

ခရမ်းရောင်ကိုမှ ဒီလိုလေးပုံဖော်ထားတာ အရမ်းလှပါတယ်။ ဒီဇိုင်းဆန်းပြီး ဘယ်တော့မှလည်း ရိုးသွားမှာ မဟုတ်ပါဘူး။ ခရမ်းရောင်ကြိုက်ရင် ပုံဖော်ကြည့်သင့်တဲ့ ဒီဇိုင်းမျိုးပါ။

Photo source:www.pinterest.com