လက်သည်းအရှည်မထားလို့ လက်သည်းဒီဇိုင်းလှလှလေးတွေ ပုံဖော်လို့မရဘူး မထင်ပါနဲ့။ လက်သည်းအတိုလေးမှာပုံဖော်တော့ ပိုပြီးတောင် ချစ်ဖို့ကောင်းပါသေးတယ်။ ဒါကြောင့် လက်သည်းအရှည်မထားတဲ့သူတွေအတွက် လှပပြီးချစ်ဖို့လည်းကောင်းတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ခရမ်းရောင်ကြိုက်တဲ့ ကောင်မလေးတွေ ပုံဖော်သင့်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

အရောင်လေးတွေက ဘိုဆန်ပြီးလှတဲ့အပြင် ဒီဇိုင်းကလည်း ဆန်းပြီးလှပါတယ်။

ပန်းရောင်ကြိုက်တဲ့ကောင်မလေးတွေအတွက် လှပတဲ့ လက်သည်းဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ Tweed ဒီဇိုင်းလေးလည်း ပါတာကြောင့် ပိုပြီးဆန်းသစ်သွားစေပါတယ်။

အရောင်ငြိမ်ပြီး ဒီဇိုင်းလေးကလည်း ချစ်ဖို့ကောင်းပြီးလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

အနက်ရောင်ပေါ်မှာမှ ပုံဖော်ထားတဲ့ ဒီပန်းဒီဇိုင်းလေးက ရွှေရောင်လေးဖြစ်လို့ အမြင်ဆန်းပြီး လှလည်းလှ၊ ချစ်ဖို့လည်းကောင်းပါတယ်။

ရှင်းရှင်းလေးနဲ့ လှတာမျိုးကြိုက်ရင် ရွေးချယ်သင့်တဲ့ လက်သည်းဒီဇိုင်းလေးပါပဲ။

နောက်ထပ် အရမ်းလှတဲ့ Tweed ဒီဇိုင်းလေးပါ။ အရောင်လေးတွေကအစ အရမ်းလှပြီး အသားဆောင်ပါတယ်။

ဒီအဝါရောင်လေးက အသားဆောင်ပြီး အရောင်ငြိမ်ပါတယ်။ ဒီဇိုင်းက လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးပါ။

မိန်းကလေးဆန်ပြီး လှပဆန်းသစ်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဒီလိုလေးလည်း ပုံဖော်ကြည့်နော်။

ဒီဇိုင်းစုံပုံဖော်ထားတာမို့ လူငယ်ဆန်ပြီး Fancy ဆန်ဆန်နဲ့ လှပါတယ်။ ဒါကြောင့် လူငယ်ကောင်မလေးတွေနဲ့ဆို ပိုလိုက်ဖက်ပါတယ်။

Photo source:www.pinterest.com