မိုးရွာတဲ့နေ့တွေဆိုရင် ဟိုးအရင်တုန်းကခံစားချက်တွေ ပေါ်လာတတ်တယ်မလား? မိုးရွာတဲ့အခါ သီချင်းလေးနဲ့ Feel ရတာကြိုက်တဲ့သူ‌တွေအတွက် မိုးစရွာတဲ့အချိန်မှာ နားထောင်သင့်တဲ့ K Pop သီချင်းအချို့ကို ဝေမျှပေးချင်ပါတယ်။

1.”Through The Night” (IU)

မိုးရွာနေချိန် တစ်ယောက်ယောက်ကို လွမ်းမိရင် ဒီသီချင်းလေး နားထောင်ကြည့်ပါ။ IU ရဲ့ ချိုတဲ့အသံလေးရယ် မိုးသံလေးနဲ့ဆို နားထောင်လို့ ကောင်းပါတယ်။

2. “Rain” (Soyou & EXO’s Baekhyun)

ဒီသီချင်းက အတိတ်က အချစ်ကို သတိရပြီး တစ်ယောက်တည်း အထီးကျန်နေချိန်ဆို နားထောင်ဖို့ ကွက်တိပါပဲ။

3. “Insomnia” (The Rose)

မိုးရွာနေချိန် ဒီသီချင်းနားထောင်မိရင်တော့ အရင်ကမေ့ထားတဲ့ အမှတ်တရဟောင်းတွေ ပြန်ပေါ်လာမှာ အသေချာပါ။

4. “Fall” (Crush)

အချစ်ကို ဘယ်လိုမှ မမေ့နိုင်သေးပေမယ့်လည်း နောက်တစ်ခါ ထပ်မချစ်ချင်တော့တဲ့ခံစားချက်ဖြစ်နေရင် ဒီသီချင်းလေးသာ နားထောင်လိုက်ပါ။

5. “Don’t Forget” (iKON)

မေ့မပစ်ချင်ပေမယ့်လည်း မေ့ချင်တဲ့သူတစ်ယောက်အကြောင်းဆိုထားတဲ့ ဒီသီချင်းက မိုးရွာတဲ့နေ့အတွက် အရမ်းကောင်းတဲ့ ခံစားချက်သီချင်းတစ်ပုဒ်ပါ။

6. “Love Me” (Mind U)

မိန်းကလေးကို ချစ်မိတဲ့ယောက်ျားတစ်ယောက်အကြောင်း ဆိုထားတဲ့ဒီသီချင်းလေးကလည်း မိုးအေးအေးနဲ့ နားထောင်ကောင်းတဲ့သီချင်းလေးပါ။

7. “Enough” (Hoppipolla)

ကိုယ့်ချစ်သူက ကိုယ့်ကို မချစ်တော့ဘူးဆိုတာကို ကြေကွဲဝမ်းနည်းစရာကောင်းတဲ့ စာသားတွေနဲ့ဆိုထားတဲ့ ဒီသီချင်းလေးက နားထောင်ရင်း မိုးနဲ့အတူငိုမိစေမယ့် သီချင်းလေးပါ။

8.”The Unknown Guest” (DEAN)

ဒီသီချင်းကတော့ ပြောမထွက်ခဲ့တဲ့ နေ့တစ်နေ့ကို သတိရမိတဲ့ သီချင်းလေးပါ။

9. “Forever Rain” (BTS’ RM)

မိုးဆိုတာ မျက်ရည်ကိုဖုံးဖို့ အကောင်းဆုံးနည်းလမ်းမလို့ တစ်နေကုန် မိုးရွာစေချင်နေတဲ့သူရှိရင် ဒီသီချင်းကို မဖြစ်မနေ နားထောင်လိုက်ပါ။

10. “With U” (ATEEZ)

ဒီသီချင်းကတော့ အခိုက်အတန့်တိုင်းကို အတူတူ အမှတ်တရဖြစ်စေတဲ့ သီချင်းတစ်ပုဒ်ပါ ။