လက်သည်းကို Almond Shape ထားချင်တဲ့သူတွေအတွက် အိမ်မှာကိုယ်တိုင် အလွယ်တကူ ပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လွယ်ကူတဲ့ ဒီဇိုင်းလေးတွေဖြစ်လို့ အိမ်မှာ အပျင်းပြေလုပ်ကြည့်ချင်ရင်တောင် အဆင်ပြေပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးက Almond Shape ထားတဲ့အခါ ပုံဖော်လို့အရမ်းကောင်းပါတယ်။ ရိုးရှင်းပြီးလှတာမျိုးပါ။

နောက်ထပ်ရှင်းရှင်းလေးနဲ့လှတဲ့ ဒီဇိုင်းလေးပါ။ လက်သည်းကို Almond Shape ထားမှ ဒီလိုလေးပုံဖော်လို့ရတာနော်။

ဒီလက်သည်းဒီဇိုင်းလေးပုံဖော်မယ်ဆိုရင် လက်သည်းနီအရောင်စုံရှိရုံနဲ့ ပုံဖော်လို့ရပါတယ်။

ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ပုံဖော်ရတာလည်း အရမ်းလွယ်ကူပါတယ်။

လက်ငြိမ်ရင် စုတ်တံ Brush လေးနဲ့ သေချာပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ကိုယ်ကြိုက်တဲ့အရောင် ၂ ရောင်၊ ၃ ရောင်လောက် စပ်ပြီး ပုံဖော်ကြည့်နော်။

French လက်သည်းဒီဇိုင်းကိုမှ အသည်းပုံလေးထပ်ပြီး ပုံဖော်ထားတာက အရမ်းချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ ကိုယ်တိုင်ပုံဖော်ဖို့ဆိုလည်း လွယ်ကူပါတယ်။

ရှင်းရှင်းလေးနဲ့ဆန်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ပုံဖော်ဖို့အတွက်လည်း အလွယ်ကူဆုံးပါပဲ။

အနက်ရောင်ဆိုးမယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ဖက်ရှင်ကျပြီးလှပါတယ်။

လက်သည်းနီ အဖြူနဲ့အနက်ရှိရုံနဲ့ အလွယ်တကူပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ပုံဖော်ရတာလွယ်ပေမယ့် အားလုံးပြီးသွားရင် ဒီဇိုင်းဆန်းလေး ဖြစ်နေမှာပါ။

အသည်းပုံကိုမှ အဖြူနဲ့အနက်ကိုသုံးပြီး ဒီဇိုင်းဆန်းအောင် ပုံဖော်ထားတာပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။