အားလုံးပဲမင်္ဂလာပါ။ ဒီတစ်ခေါက်မှာ ချစ်ရတဲ့ကိုယ့်သူငယ်ချင်းနဲ့အတူ အမှတ်တရတစ်ခုအဖြစ် တက်တူးအတူထိုးဖို့ စဉ်းစားနေတဲ့သူတွေအတွက် နမူနာယူလို့ရမယ့် ထူးထူးခြားခြားတက်တူးဒီဇိုင်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ဖော်ပြထားတဲ့ဒီဇိုင်းလေးတွေက ခေတ်ဆန်ပြီးချစ်စရာကောင်းတဲ့အပြင် နှစ်ယောက်ပေါင်းမှ အဓိပ္ပာယ်တစ်ခုကိုရည်ညွှန်းတဲ့ ဆက်စပ်သင်္ကေတလေးတွေဖြစ်တာကြောင့် ဆင်တူထိုးရတာရိုးနေတဲ့သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။

၁။ ကမ်းခြေကိုခရီးအတူထွက်ရတာကြိုက်ကြတဲ့ သူငယ်ချင်းတွေနဲ့အဆင်ပြေစေမယ့် ဒီဇိုင်းရှင်းရှင်းလေးဖြစ်ပါတယ်။

၂။ ဒါလေးကတော့ ဘယ်လောက်ပဲကိုယ်ရည်ကိုယ်သွေးချင်းကွာခြားကြပါစေ ပေါင်းစပ်လိုက်တဲ့အခါ Yin နဲ့ Yang လို တစ်ယောက်အတွက်တစ်ယောက်ရှိနေပေးမယ့် အဓိပ္ပာယ်လေးပါဝင်တဲ့ ဒီဇိုင်းလေးပဲဖြစ်ပါတယ်။

၃။ ဒီလိုစာဒီဇိုင်းလေးကလည်း သူငယ်ချင်းတွေကြားမှာ တစ်သက်လုံးအတွက် ခိုင်မြဲတဲ့ Friendship ရှိကြောင်းကို ဖော်ပြရာရောက်စေမှာပါ။

၄။ အကောင်လေးတွေထိုးရတာကြိုက်တဲ့သူတွေအတွက် အမှတ်တရဖြစ်စေမယ့် လိပ်ပြာတစ်ဝက်ပုံစံလေးဖြစ်ပါတယ်။

၅။ ကာတွန်းလေးတွေထိုးချင်တဲ့သူတွေအနေနဲ့လည်း သူငယ်ချင်းနဲ့အတူ ချစ်ဖို့ကောင်းတဲ့ ဒီလို Character ပုံစံလေးတွေထိုးနိုင်ပါတယ်နော်။

၆။ ဒီလို စာကြောင်းအဆက်လေးတွေထိုးတာကလည်း ပျော်စရာကောင်းပြီး ထူးထူးခြားခြားလေးဖြစ်စေမှာပါ။

၇။ တစ်ယောက်မရှိရင်မဖြစ်တဲ့ နေနဲ့လပုံစံလေးတွေကလည်း ရှင်းရှင်းလေးနဲ့အရမ်းလှတာမို့ ထိုးကြည့်ဖို့အကြံပေးချင်ပါတယ်နော်။

၈။ တစ်ခုနဲ့တစ်ခု ဆက်သွယ်ပေးမှပြည့်စုံနိုင်တဲ့ Puzzle ပုံစံလေးကလည်း Friendship Goal အတွက်ထိုးလို့ကောင်းတဲ့ဒီဇိုင်းတစ်မျိုးပါပဲ။

၉။ တစ်ယောက်ရဲ့လျို့ဝှက်ချက်ကိုတစ်ယောက်ထိန်းသိမ်းပေးတတ်ကြတဲ့ အထိန်းအမှတ်အနေနဲ့ ဒီလို သော့နဲ့ခလောက်ပုံစံမျိုးလေးလည်း ထိုးနိုင်ပါတယ်။


၁၀။ အသည်းပုံဆန့်ကျင်ဘက်အရောင်လေးတွေထိုးတာကလည်း အရမ်းလှပြီး သူငယ်ချင်းနှစ်ယောက်အတွက် ခိုင်မာတဲ့ ရင်းနှီးချစ်ခင်မှုသင်္ကေတလေးဖြစ်စေမှာပါ။

၁၁။ ဆင်တူပန်းပုံလေးတွေထိုးချင်တဲ့သူတွေအတွက် နှင်းဆီပန်းအမြစ်မှာ ပုံစံလေးပြောင်းပြီး ထိုးတာမျိုးပြုလုပ်နိုင်ပါတယ်။

၁၂။ မွေးရက်နဲ့သက်ဆိုင်တဲ့ပန်းအမျိုးအစားလေးတွေကို သူငယ်ချင်းနဲ့အတူ ထိုးတာကလည်း အမြင်အရမ်းလှပြီး ထူးခြားတဲ့အမှတ်တရကောင်းလေးတစ်ခုဖြစ်စေမှာပါ။

Source: preview.ph