များသောအားဖြင့် ကျွန်မတို့ အများစုဟာ ဖက်ရှင် Accessories တွေကို နှစ်တွေ အများကြီး ဝတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝယ်လေ့ရှိကြပါတယ်။ ကျွန်မတို့မှာ ရေပန်းစား လူကြိုက်များတဲ့ ပစ္စည်း ဆိုတာနဲ့ သေချာ မစူးစမ်းမိဘဲဝယ်မိကြပြီး အချိန်ကြာလာတော့ ဒိတ်အောက်ကာ အဝတ်ဗီဒီုထဲမှာပဲ နေရာယူထားတဲ့ ပစ္စည်းတွေ အများအပြားရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ပစ္စည်းတစ်မျိုးကို ဝယ်သင့်မဝယ်သင့် ချင့်ချိန်တွေးနိုင်ဖို့ Accessories (၁၀) မျိုးနဲ့ ဥပမာ ပေးပြီး ဖော်ပြပါရစေ။

နေ့စဉ်သုံးအိတ်

အိတ်ဝယ်တဲ့အခါ အခုနောက်ပိုင်း ရေပန်းစားလာတာကတော့ အရောင်နဲ့ အိတ်တွေပါ။ ဒါပေမဲ့ အိတ်တစ်အိတ်က ကျက်သရေရှိပြီး အရောင်ငြိမ်တာမျိုး ဖြစ်မှ နှစ်များစွာ အသုံးဝင်နိုင်ပါတယ်။

နေကာမျက်မှန်

လူငယ်တွေ လတ်တလော သဘောကျတဲ့ မျက်မှန်ပုံစံ အဆန်းတွေက နှစ်ကြာလာရင် ဒိတ်အောက်တာမျိုး ဖြစ်နိုင်ပါတယ်။ သာမန် နေကာ မျက်မှန်တစ်လက်ကတော့ အချိန်မရွေး ဝတ်နိုင်မယ့် စတိုင်ပါ။

ခါးပတ်

ခါးပတ်မှာဆိုရင် ရှုပ်ထွေးပြီး ကွင်းကြီးတဲ့ ခါးပတ်တွေက ခဏတဖြုတ်ပဲ ရေပန်းစားလေ့ရှိပြီး ရိုးရှင်းတဲ့ ခါးပတ်အပါးလေးတွေကတော့ အင်္ကျီတိုင်းနဲ့ လိုက်ဖက်ပြီး အမြဲအသုံးဝင်နေတတ်ပါတယ်။

နားကွင်း

နားကွင်းအကြီးကြီးတွေက အမြဲ ဝတ်ဖြစ်မယ်လို့ ထင်လေ့ရှိကြပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ ပုံမှန် အရွယ်အစားလောက်ပဲ ရှိတဲ့ နားကွင်းတွေကတော့ ဘယ်လိုအင်္ကျီနဲ့တွဲတွဲ အဆင်ပြေနေမှာပါ။

ဆင်တူ ဆွဲကြိုး၊ လက်ကောက်၊ နားကပ်

ပုံစံတူတဲ့ ဆွဲကြိုး၊ လက်ကောက်၊ နားကပ်တွေက စတိုင်ကျတယ်ထင်ရပေမယ့် အမြဲ မဝတ်နိုင်မယ့်အထဲ ပါနေပါတယ်။ တွဲဖက်ရလွယ်တဲ့ ရတနာပစ္စည်းတွေကို ဦးစားပေးသင့်ပါတယ်။

ဘွတ်ဖိနပ်

ဘွတ်ဖိနပ်အရှည်က မော်ဒယ်တစ်ဦးလို စတိုင်ကျစေပေမယ့် အမြဲ ရေပန်းမစားနိုင်ပါဘူး။ ပိုတိုတဲ့ အမြင့်နဲ့ ဘွတ်ဖိနပ်တွေကတော့ ဘယ်တော့မှ မရိုးပါဘူး။

ရွှေလား ငွေလား

လက်ဝတ်ရတနာ ရွေးတဲ့အခါကျရင် ရွှေရွေးမလား၊ ငွေရွေးမလား စဉ်းစားရတာက အလုပ်တစ်ခုပါပဲ။ ဒါကို သင့်အသားအရေ Tone နဲ့ ဆုံးဖြတ်နိုင်ပါတယ်။ သင့်အသားက Cool Tone ဆိုရင် ငွေရွေးသင့်ပြီး Warm Tone ဆိုရင်တော့ ရွှေကို ရွေးသင့်ပါတယ်။

ကြီးမားတဲ့ လက်ဝတ်ရတနာ

သင့်လက်က တိုတယ်ဆိုရင် လက်စွပ်ကို ပါးပါးလေးပဲ ဝတ်သင့်ပါတယ်။ ဒါ့အပြင် အရွယ်အစား ကြီးတဲ့ လက်ဝတ်ရတနာတွေက ကြာရင်ရိုးသွားတတ်ပါတယ်။

အသားတူတဲ့ Accessories နဲ့ Outfits

တစ်ချိန်တည်းမှာ အသားတူတဲ့ Accessories နဲ့ Outfit ကို တွဲဝတ်လိုက်တဲ့အခါ သင့်ဖက်ရှင်ကို လေးပင်သွားစေပါတယ်။ ပုံစံမတူဘဲ အသားမတူတဲ့ အဝတ်အစား၊ ဖက်ရှင် Item တွေကို တွဲဖက်သင့်ပါတယ်။

ပုလဲနဲ့ ချိန်းကြိုး

ပုလဲတွေက ဘယ်တော့မှ မရိုးတဲ့ ရတနာပစ္စည်းတစ်မျိုးပါ။ ပုလဲနဲ့ လိုက်ဖက်တဲ့ အတွဲအစပ်ကတော့ ချိန်းကြိုးပါ။

Source: Brightside
by MyStyle Myanmar