ကိုရီယားနိုင်ငံက အမျိုးသား အနုပညာရှင်တော်တော်များများက သူတို့ရဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အချိုးအစား ကြောင့် ပရိတ်သတ်တွေရဲ့ အာရုံစိုက်မှု ရခဲ့ကြပါတယ်။ ဒီထဲကမှ အခုပြောပြမယ့် Male Idols တွေကတော့ သူတို့ရဲ့ အဆုံးမရှိတဲ့ ခြေထောက်တွေ၊ ကျယ်ပြန့်တဲ့ ပခုံးတွေနဲ့ တောင့်တင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်တွေကြောင့် ပိုပြီးနာမည်ရခဲ့သူတွေပါ။

1. Jin (BTS)

ကျယ်ဝန်းပြီး ယောက်ျားပီသတဲ့ ပုခုံးတွေ အရပ်မြင့်မြင့်ကြောင့် Jin က တကယ်ကို ပရိတ်သတ်ကြား နာမည်ကြီးခဲ့တာပါ။

2. Juyeon (The Boyz)

စွဲမက်ဖွယ်ကောင်းတဲ့ ကြွက်သား၊ ကျယ်တဲ့ပခုံးနဲ့ သွယ်တဲ့ခါး အားလုံးက Juyeon ကို ချီးမွမ်းခံရစေတဲ့အရာတွေပါ။

3. Kai (EXO)

Kai ရဲ့ အရပ်မြင့်မြင့်နဲ့ ပြီးပြည့်စုံတဲ့ အချိုးအစားက သူ့ကို မော်ဒယ်တစ်ယောက်လို ဖြစ်စေပါတယ်။

4. Mingyu (SEVENTEEN)

Mingyu ရဲ့ ကြွက်သားတွေက ပရိသတ်တွေကို အမြဲ အံ့သြစေခဲ့ပါတယ်။

5. လီယို (VIXX)

ခပ်မိုက်မိုက်ဘော်ဒီကြောင့် Leo က ပရိတ်သတ်ကြား ရေပန်းစားလာခဲ့သူပါ။

6. Jungwoo (NCT)

ပရိသတ်တွေက Jungwoo ရဲ့ ကျယ်လွန်းတဲ့ ပခုံးတွေနဲ့ သွယ်လျတဲ့ ခါးကို အရမ်းသဘောကျကျပါတယ်။

7. RM (BTS)

ရှည်လွန်းတဲ့အရပ်နဲ့ ဦးခေါင်းအရွယ်အစားက လုံးဝအချိုးကျနေတာက RM ပါ။

8. Johnny (NCT)

အရပ်ရှည်တဲ့ Johnny က သူ့ရဲ့တောင့်တင်းတဲ့ကြွက်သားတွေကို ပရိတ်သတ်တွေဆီချပြဖို့ ဘယ်တော့မှ မကြောက်တဲ့သူပါ။