လူသားများ ဖောက်ပြန်ရတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ထိုအကြောင်းအရင်းတွေထဲကမှ အဓိကအကျဆုံးတစ်ချက်ကတော့ သူတို့သည် လက်ရှိလူအပေါ်နှင့် လက်ရှိသမီးရည်းစားဆက်ဆံရေးကို စိတ်ဘဝင်မကျလို့ပဲ ဖြစ်ပါတယ်။

သင့်ချစ်သူက သင့်အပေါ်မှာ ဖောက်ပြန်နေတဲ့အခါ သူ့ရဲ့အပြုအမူများသည်လည်း ပြောင်းလဲသွားတတ်ပါတယ်။ ထို့နောက် ယခုဖော်ပြပါအချက်များကို ပြုမူလေ့ရှိကြပါတယ်။

သင်နဲ့ အဆက်အသွယ် သိပ်မလုပ်တော့ခြင်း

မီးပလပ်ပေါက်တစ်ခုတည်းမှာ မီးခေါင်းနှစ်ခု တစ်ပြိုင်နက်တည်း သွင်းလို့ မရသလိုပဲ လူတစ်ယောက်သည် ဖောက်ပြန်နေတဲ့အခါ သူ့ရဲ့ရည်းစားနှစ်ယောက်အပေါ် တစ်ပြိုင်နက်တည်း ဂရုစိုက်ဖို့ဆိုတာ ခက်ခဲပါတယ်။ တဖြည်းဖြည်းနဲ့ သင့်အပေါ်မှာ သွေးအေးသွားမှာဖြစ်ပါတယ်။

သင့်ကို ရှောင်နေမယ်

သင်နဲ့ ဒိတ်ဖို့ ချိန်းလိုက်တိုင်း အမြဲမအားဘူးဆိုပြီး ငြင်းနေမယ်။ အရင်က နှစ်ယောက်အတူတူ ပြုလုပ်လေ့ရှိတဲ့အရာများကို အတူတူ ပြုလုပ်ကာ တန်ဖိုးရှိတဲ့ အချိန်တွေကို ကုန်ဆုံးဖို့ အကြောင်းပြချက်မဲ့စွာ ငြင်းဆန်နေမယ်ဆိုရင်တော့ သေချာပါတယ်။ သင့်ချစ်သူက သင့်အပေါ်မှာ ဖောက်ပြန်နေတာပဲဖြစ်ပါတယ်။

သင့်ကို လိမ်ညာပြီး ဖုံးကွယ်နေမယ်

သူ့ရဲ့အပြုအမူတွေဟာ လျှို့ဝှက်ပြီး ပဟေဠိဆန်နေသလား။ သူ ဘယ်နေရာမှာ ဘာလုပ်နေသလဲလို့ သင် မေးလိုက်တိုင်းမှာ သင့်မေးခွန်းကို ဖြေဆိုဖို့ ရှောင်နေမယ် (သို့) ထိုမေးခွန်းကို အသေးစိတ်ကအစ ဖြေဆိုပြနေမယ်ဆိုရင်တော့ သင့်ချစ်သူက သင့်အပေါ်မှာ ဖောက်ပြန်နေတာ သေချာပါတယ်။

သင့်အပေါ်မှာ တစ်ချိန်လုံး စိတ်တိုဒေါသထွက်နေမယ်

စောစောကလိုပဲ သူ ဘာလုပ်နေသလဲဆိုတဲ့ မေးခွန်းမျိုးတွေ သင်က မေးလိုက်တဲ့အခါ သူကနေ “ဘာလို့ မေးတာလဲ။ လူကို မယုံတာလား” ဘာညာ စသည်ဖြင့် ရန်လုပ်နေတဲ့အခါ သူ့ရဲ့ အပြစ်တွေကို ဖုံးကွယ်ချင်လို့ သင့်ကို တမင်အပြစ်ရှာနေတာဖြစ်ပါတယ်။

သူ့ရဲ့တစ်နေ့တာအကြောင်းအရာများကို သင့်ကို မပြောပြတော့ဘူး

အရင်က သူ့ရဲ့ တစ်နေ့တာအကြောင်းတွေကို သင့်ထံ တီတီတာတာနဲ့ ပြောတတ်တဲ့သူက ရုတ်တရက် ဘာမှ မပြောတော့တဲ့အခါ ထိုအခြေအနေမျိုးသည် စိုးရိမ်ရတတ်ပါတယ်။ သင်သည် ဘာအမှားမှ မလုပ်ထားဘူးဆိုရင်တော့ သူဟာ သင့်အပေါ်မှာ နောက်တစ်ယောက်နဲ့ ဖောက်ပြန်နေတာပဲဖြစ်ပါတယ်။