အများစုကတော့ နွေရာသီမှာတောင် ဂျင်းဘောင်းဘီလေးနဲ့ ချစ်စရာကောင်းတဲ့ ပေါ့ပေါ့ပါးပါး ၀တ်စုံတွေကို ၀တ်ဆင်ကြပါတယ်။ နွေရာသီမှာ ပေါ့ပေါ့ပါးပါး ဂျင်းဘောင်းဘီနဲ့ ၀တ်ဖို့ ဆုံးဖြတ်ထားရင် ဘယ်လိုပဲဝတ်ဝတ် နေ့တိုင်း မိမိုက်နေသင့်ပါတယ်။

နွေရာသီအတွက် ဂျင်းဘောင်းဘီနဲ့ သက်တောင့်သက်သာရှိပြီး တွဲဝတ်ဖို့ လွယ်ကူလွန်းတဲ့ ဂျင်းဘောင်းဘီကို ချစ်စရာကောင်းတဲ့ ပုံစံလေးတွေဖြစ်ဖို့ ဘယ်လိုဝတ်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ပူအိုက်တဲ့ရာသီမှာ ဂျင်းဘောင်းဘီအဖြူဝတ်ပါ။ ပုံထဲကအတိုင်း ကြော့ရှင်းပြီး လှပတဲ့ အင်္ကျီနဲ့ ဒီဂျင်းဘောင်းဘီကို တွဲဝတ်လိုက်ရင် ခေတ်စားပြီး စတိုင်ကျလှပတဲ့ ပုံစံကို ရရှိမှာပါ။

Jeans လေးကို ကြိုးတလုံးအင်္ကျီနဲ့ စမ်းဝတ်ကြည့်ပါ။ အဖြူရောင်ဒေါက်မြင့်ဖိနပ်တွေနဲ့ တွဲဝတ်လိုက်ရင်တော့ ကြော့ရှင်းပြီး ပေါ့ပါးတဲ့အသွင် ဖြစ်စေပါတယ်။

ကောက်ကြောင်းလှတဲ့ မိ မိန်းကလေးဆိုရင်တော့ အင်္ကျီအတိုဝတ်ဖို့ မကြောက်ပါနဲ့။ ဒီလို Crop Top လေးတွေက နွေရာသီမှာ ဂျင်းဘောင်းဘီနဲ့တွဲဝတ်ဖို့ လိုက်ဖက်လွန်းပါတယ်။

သင့်မှာ လှတဲ့ ပခုံးတွေပိုင်ဆိုင်ထားပြီဆိုရင်တော့ ဂျင်းဘောင်းဘီနဲ့ Off Shoulder လေးကို နွေရာသီမှာ တွဲဖက်ဝတ်ဆင်ဖို့ မမေ့ပါနဲ့နော်။

အဖြူရောင်ဂျင်းဘောင်းဘီ၊ ဒေါက်မြင့်ဖိနပ်နဲ့ အင်္ကျီအကြီးကြီးက မနက်ကနေ ညနေအထိ ဝတ်လို့ရတဲ့ပြီးပြည့်စုံသော နွေရာသီဝတ်စုံတစ်စုံပါဘဲ။

သင်ဟာ စတိုင်ကျတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် ဒေါက်မြင့်ဖိနပ်၊ ဂျင်းဘောင်းဘီနဲ့ ရိုးရိုးရှင်းရှင်း အနက်ရောင် ဘလောက်အင်္ကျီလေးက သင့်အတွက် နွေရာသီမှာဝတ်ဖို့ ပြည့်စုံနေပါပြီ။

ခါးမြင့်တဲ့ ဂျင်းဘောင်းဘီ၊  အပြာရောင်ရှပ်အင်္ကျီနှင့် ဒေါက်မြင့်ဖိနပ်တို့ကို နွေရာသီမှာ  စမ်းကြည့်ပါ။ အရမ်းလန်းတယ်လို့  သင်မထင်ဘူးလား?

ရာသီဥတုက ပူတဲ့အခါ  အသားအရေကိုကာကွယ်ဖို့ လက်ရှည်အဖြူရောင်အင်္ကျီ၊ ဂျင်းဘောင်းဘီနှင့် ဒေါက်မပါတဲ့ ပေါ့ပေါ့ပါးပါး ဖိနပ်တို့က ပူလွန်းတဲ့နွေရာသီအတွက် သင့်တော်လွန်းပါတယ်။

အမျိုးသမီးလေးတွေ နွေရာသီ အလုပ်သွားတဲ့အခါ ဂျင်းဘောင်းဘီနဲ့ ရှပ်အင်္ကျီတွေကို ပေါ့ပေါ့ပါးပါးဖြစ်စေဖို့ တွဲဖက်ဝတ်ဆင်တာက စိတ်ကူးကောင်းတစ်ခုပါဘဲ။

Ripped jeans ကို အဖြူလေး တွဲဝတ်လိုက်ရင်တော့ နွေရာသီမှာ Coffee Date အတွက် အသင့်တော်ဆုံးပေါ့။