မိတ်ကပ်အမြဲလိမ်းတာက အသားအရေကို ထိခိုက်ပျက်စီးလွယ်တယ်ဆိုတာ ပျိုမေလေးတွေ သိပြီးသားဖြစ်မှာပါနော်။ အရွယ်မတိုင်ခင်မှာ အိုမင်းရင့်ရော်တာမျိုးမဖြစ်အောင်၊ အရေးအကြောင်းတွေမဖြစ်အောင် မိတ်ကပ်လိမ်းတဲ့အခါမှာ ဒါလေးတွေကို မဖြစ်မနေ သတိထားသင့်ပါတယ်။ ကဲ ဘာလေးတွေကို သတိထားရမလဲဆိုတာ တစ်ချက်ချင်းစီလေ့လာကြည့်ရအောင်။

Full Makeup အမြဲမလိမ်းပါနဲ့

မိတ်ကပ်ကတော့ မိန်းကလေးတိုင်းလိမ်းကြတာပါပဲ။ ဒါပေမယ့် လိမ်းမယ်ဆိုရင်လည်း ပါးပါးလေးပဲလိမ်းပါ။ မိတ်ကပ်ကိုအထူကြီးတွေလိမ်းပြီး Full Makeup တွေအမြဲလိမ်းတာမျိုးက အရွယ်မတိုင်ခင်မှာ အိုမင်းရင့်ရော်တာတွေ၊ အရေးအကြောင်းတွေ ဖြစ်စေပါတယ်။

Matte ဖြစ်လွန်းတဲ့ Foundation ကိုရှောင်ပါ

Matte ဖြစ်လွန်းတဲ့ Foundation တွေက အရမ်းဆွဲလိမ်းရတဲ့အတွက် အရွယ်မတိုင်ခင်မှာ ပါးရေတွန့်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် Dewy makeup Look လေးတွေ အတတ်နိုင်ဆုံးလိမ်းပါ။ Matte Type ကြိုက်ရင်လည်း အရမ်း Matte ဖြစ်တာမျိုးကိုတော့ ရှောင်ပေးပါ။

Primer ခံလိမ်းပါ

Primer ခံလိမ်းပေးမယ်ဆိုရင် Makeup က အသားအရေကို တိုက်ရိုက်မထိတွေ့တဲ့အတွက် အသားအရေကို သိပ်မပျက်စီးစေဘူးပေါ့။ နောက်ပြီး Primer ခံလိမ်းပေးတာက မိတ်ကပ်ကိုလည်း ကြာရှည်ခံစေပါတယ်။

Sunscreen လိမ်းပါ

Sunscreen မလိမ်းခြင်းက အရွယ်မတိုင်ခင်မှ အိုမင်းရင့်ရော်ပြီး အရေးအကြောင်းတွေ မြန်မြန်ဖြစ်စေပါတယ်။ တင်းတိတ်နဲ့ မှဲ့ခြောက်တွေလည်း ထွက်လာနိုင်ပါတယ်။ ဒါကြောင့် Sunscreen ကို မဖြစ်မနေ လိမ်းပေးသင့်တယ်နော်။

Makeup Sponge, Makeup Brushတို့နဲ့ လိမ်းပေးပါ

မိတ်ကပ်ကို လက်နဲ့ဆွဲလိမ်းတာဟာ ပါးရေတွန့်ပြီး အရေးအကြောင်းတွေကို ဖြစ်စေပါတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းမယ်ဆိုရင် Makeup Sponge, Makeup Brush စတာတွေနဲ့ ယူလိမ်းပေးဖို့ မမေ့ပါနဲ့နော်။

Makeup Remover နဲ့ ဖျက်ပါ

မိတ်ကပ်လိမ်းပြီးရင် မျက်နှာသစ်ဆေးတစ်မျိုးထဲနဲ့ဖျက်တာက လုံးဝမပြောင်ပါဘူး။ မိတ်ကပ်တွေစင်အောင် မဖျက်ပဲ ညအိပ်ရင် အရေးအကြောင်းတွေဖြစ်စေပါတယ်။ ဒါကြောင့် Makeup Remover နဲ့ သေချာစင်အောင် ဖျက်ပေးဖို့က အရမ်းအရေးကြီးပါတယ်။