အိမ်မှာဘဲဖြစ်ဖြစ် Gym မှာဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးအတွက်ကောင်းပေမယ့် အသားအရေထိန်းသိမ်း လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ဂရုစိုက်ဖို့တော့ အရေးကြီးပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ဒီအချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ်။

လက်ဆေးပါ

အလေးတုံးတွေ ၊ Dumbell တွေကိုင်တဲ့အခါ ဘက်တီးရီးယားတွေနဲ့ တခြားရောဂါပိုးမွှားတွေက လက်မှာ ကပ်နေနိုင်တာမလို့ လေ့ကျင့်ခန်းလုပ်ပြီးရင် လက်ဆေးဖို့က အရေးကြီးပါတယ်။

မျက်နှာသစ်ပါ

လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ ချွေး၊ အဆီနဲ့ အညစ်အကြေးတွေကို သန့်စင်သွားအောင် Cleanser နဲ့ မျက်နှာကို သစ်ပေးပါ။

Scrub မလုပ်ပါနဲ့

လေ့ကျင့်ခန်းလုပ်ပြီးရင် အသားအရေကနုသွားတာမလို့ လေ့ကျင့်ခန်းလုပ်ပြီးချိန် Exfoliation လုပ်တာက အသားအရေကို ပျက်စီးစေနိုင်ပါတယ်။

ရေသောက်ပါ

လေ့ကျင့်ခန်းလုပ်ပြီးရင် ခန္ဓာကိုယ်က ရေဓာတ်တွေဆုံးရှုံးသွားတာကြောင့် ရေများများသောက်ပေးပြီး အရေပြားအတွင်းပိုင်းကို ရေဓာတ်ဖြည့်ပေးပါ။

Moisturizer သုံးပါ

လေ့ကျင့်ခန်းလုပ်ပြီးရင် အသားအရေက နီလာတာကို သတိထားမိမှာပါ။ ဒါကိုသက်သာစေဖို့ ရေကိုအခြေခံထားတဲ့ Moisturizer သုံးပေးပါ။

ရေချိုးပါ

ရေချိုးတာက ခန္ဓာကိုယ်ကို သန့်ရှင်းစေပြီး အနံ့ဆိုးတွေကို လျှော့ချပေးပါတယ်။ ဒါကြောင့် သင့်မှာ အချိန်ရရင် လေ့ကျင့်ခန်းလုပ်ပြီး ချက်ချင်း ရေချိုးလိုက်ပါ။