အားလုံးပဲ မင်္ဂလာပါ။ MyStyle Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်တွေထဲမှာ နိုင်ငံခြားရုပ်ရှင်ကြိုက်သူတွေပါလားရှင့်။

ကမ္ဘာကျော်ဇာတ်ကားတွေဟာဆိုရင် ဇာတ်လမ်းဇာတ်အိမ်ကသာ ဆွဲဆောင်မှုရှိတာမဟုတ်ဘဲ သူတို့ရဲ့ ပြင်ဆင်ပုံတွေ၊ ဝတ်ပုံစားပုံတွေကလည်း တကယ်ကို သေသပ်လှပလွန်းလှပါတယ်။

အခုတခါမှာတော့ ဇာတ်ကားတွေထဲက ဇာတ်လိုက်ကျော် မင်းသမီးတွေအတိုင်း လိုက်လံဝတ်ဆင်မှုအများဆုံး ဇာတ်ကောင်တွေက ဘယ်သူဖြစ်မလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ကိုယ်ကြိုက်တဲ့ မင်းသမီးဇာတ်ရုပ်တွေပါမလားဆိုတာကို အခုပဲကြည့်လိုက်ရအောင်နော်။

Harley Quinn

ခပ်မိုက်မိုက် နိုင်ငံခြားရုပ်ရှင်ကားတစ်ခုဖြစ်တဲ့ Suicide Squad ကိုတော့ အများစုသိကြမယ်လို့ ယုံကြည်ပါတယ်။ ဇာတ်ကားနာမည်ကျော်ကြားသလို ထိုဇာတ်ကားထဲမှ ဇာတ်ဆောင်တွေကလည်း တကယ့်ကိုလူကြိုက်များခဲ့ပါတယ်။ အထူးသဖြင့်တော့  Joker ရဲ့ မိန်းမချောလေး Harley ပါပဲ။

Wonder Woman

Batman ကလွဲပြီး ယခင်နှစ်တွေတုန်းက DC ဇာတ်ကောင်တွေဟာ သိပ်ပြီးနာမည်မကြီးလှပါဘူး။ ဒါပေမယ့် အခုချိန်မှာတော့ ထိုအထဲမှတစ်ခုဖြစ်တဲ့ Wonder Woman ကတော့ မိန်းကလေးတိုင်းရဲ့ အသည်းစွဲတစ်ယောက်ဖြစ်နေပါပြီ။

Catwoman

ညို့ငင်ဆွဲဆောင်နိုင်တဲ့ အသွင်အပြင်၊ စွမ်းဆောင်ရည်တွေနဲ့ Catwoman ကတော့ တကယ်ကို လူကြိုက်များလှပါတယ်။ သူမဝတ်ဆင်ထားတဲ့ သရေသားက အလွယ်တကူ ရှာတွေ့နိုင်တဲ့အတွက်ကြောင့် လိုက်လံအတုယူပြီး ချုပ်ဝတ်ရတာလည်း လွယ်ကူလှပါတယ်။

Daenerys Targaryen

Game of Thrones ချစ်သူတိုင်းနဲ့ ရင်းနှီးတဲ့ မင်းသမီးချော Daenerys ကိုလည်း ယခုဖော်ပြမယ့် စာရင်းထဲမှာ ချန်ထားခဲ့လို့မရပါဘူးနော်။ ဆံပင်အဖြူအရှည်လေးနဲ့ အဝတ်အစားဒီဇိုင်းတွေဟာ မိန်းမချောတစ်ဦးရဲ့ အသွင်ကိုပေါ်လွင်စေတာကြောင့် ပျိုမေလေးတို့အထူးနှစ်ခြိုက်ကြပါတယ်။

Princess Jasmine

အမျိုးသားတွေ လိုက်လံဝတ်ဆင်ကြတဲ့ ဇာတ်ကောင်တွေထဲမှာ အာလာဒင်က နာမည်အကြီးဆုံးရယ်လို့ မဟုတ်ပေမယ့် အမျိုးသမီးတွေကြားမှာတော့ ဂျက်စမင်က အလွန်အမင်းကို လူကြိုက်များလှပါတယ်။

Velma

စကူဘီဒူးချစ်သူတွေနဲ့ မစိမ်းတဲ့ ပရိတ်သတ်တွေအတွက်တော့ ဥာဏ်ကောင်းလွန်းတဲ့ Velma ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ လိမ္မော်၊ အနီအရောကို အမြဲဝတ်ဆင်တတ်တဲ့ Velma ဇာတ်ကောင်ကလည်း တစ်မျိုးလေးချစ်စရာကောင်းနေပါတယ်။

Ariel

ဒစ်စနေးမင်းသမီးဇာတ်ကောင်တွေထဲမှာ ချန်ထားခဲ့လို့မရတဲ့ အေရီရယ်ဟာဆိုရင်လည်း တမျိုးထူးခြားတဲ့ ကာရိုက်တာဝတ်စုံတွေနဲ့ ဆံပင်နီနီတောက်တောက်လေးနဲ့ ဘယ်လိုကြည့်ကြည့်ချစ်စရာကောင်းလွန်းလှပါတယ်။

ကဲ…စာဖတ်ချစ်ပရိတ်သတ်တို့ရေ…ကိုယ်ကြိုက်တဲ့ ကာရိုက်တာ ဝတ်စုံလေးတွေပါတယ်ဆိုရင် မန့်ခဲ့ပေးပါဦးနော်။

Source: zestradar.com