လူမြင်နေရတဲ့နေရာက အသားအရေ ဖြူဝင်းနေရုံသာမက လူမမြင်ရတဲ့ ချိုင်းကြား ပေါင်ကြား နားက အသားအရေတွေလည်း ဖြူဝင်းနေစေဖို့ လိုပါတယ်။ နွေရာသီလည်းရောက်လာပြီ ခရီးသွားရာသီလည်းရောက်လာပြီဆိုတော့ (မြန်မာပြည်မှာ ဝတ်တာရှားပေမဲ့) ဘစ်ကနီဝတ်ပြီး ကမ်းခြေမှာ အပန်းဖြေချင်သူတွေအတွက် အသားအရေ ညီညာချောမွတ်နေစေဖို့ ဒီနည်းလမ်းလေးကို တင်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့
သံပုယိုသီး (သို့) သံပုရာသီး ၁ လုံး
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နှင်းဆီကိုရေနွေးနဲ့ပြုတ်ပြီး အအေးခံကာ ရလာတဲ့ရေ (သို့) ရိုးရိုးရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဘယ်လိုသုံးမလဲ
သံလွင်ဆီကို ပေါင်ကြား (သို့) ချိုင်းကြား နဲ့ တခြားညိုမဲနေတဲ့နေရာတွေမှာ လိမ်းပေးပါ။
နာရီဝက် ၁ နာရီလောက်ထားပါ။
ပြီးရင် သံပုယိုသီးကို နှစ်ခြမ်းခြမ်းပြီး တစ်ခြမ်း ဆားဖြူးလိုက်ပါ။ ပြီးရင် ညိုမဲနေတဲ့နေရာတွေမှာ ပွတ်တိုက်ပေးပါ။ ဆဲလ်သေတွေ ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ပြီးရင် မိနစ် ၃၀ လောက်ထပ်ထားပါ။ ကျန်တဲ့တစ်ခြမ်ကိုလည်း အလားတူလုပ်ပေးပါ။
စောစောကပြုလုပ်ထားတဲ့ နှင်းဆီရေ (သို့) ရိုးရိုးရေကို ဝါဂွမ်းစစွတ်ပြီး သန့်ရှင်းလေးလုပ်ပေးပါ။
တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။ တစ်လဆိုရင် သိသိသာသာ ရလဒ်ကောင်းတွေရရှိလာမှာဖြစ်ပါတယ်။