အားလုံးပဲမင်္ဂလာပါနော်။ မော်ဒယ်နဲ့ မိတ်ကပ်ပညာရှင် ဟန်နာယုရီကို အားလုံးသိကြမယ်လို့ထင်ပါတယ်။

အရမ်းကိုချစ်စရာကောင်းသူလည်းဖြစ်ပါတယ်နော်။

After Effect မိတ်ကပ်ပြင်ဆင်မှုတွေ၊ ချစ်စရာကောင်းတဲ့အမူအယာလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို နေရာယူခဲ့သူဖြစ်ပါတယ်။

Forever Young နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် ဝေဖန်တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခိုင် ရပ်တည်နေခဲ့ပြီး အခက်အခဲတွေကိုကျော်လွှားခဲ့သူဖြစ်ပါတယ်။

အခုဆိုရင်လည်း မိတ်ကပ်သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေသလို ကြော်ငြာတွေ ဆက်လက်ရိုက်ကူးနေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ဆက်လက်ရရှိထားသူဖြစ်ပါတယ်။

ဟန်နာရဲ့ ဖက်ရှင်တွေက လူငယ်ဆန်ပြီး ချစ်စရာကောင်းသလို ပေါ့ပေါ့ပါးပါးလေးရှိတာမို့ လူငယ်တွေ နှစ်သက်မယ့် ဖက်ရှင်လေးတွေပါပဲ။

ဟန်နာကိုချစ်ကြတဲ့သူတွေအတွက်ရော ဖက်ရှင်ကျတာကို နှစ်သက်တဲ့သူတွေအတွက်ရော ဟန်နာယုရီရဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

Photo: Hanna Yuri’s facebook