ယောဂကျင့်ချင်ပေမယ့် နည်းနည်းပျင်းနေတယ်ဆိုတဲ့သူတွေအတွက် လဲလျောင်းပြီးလုပ်ရတဲ့ ယောဂကျင့်စဉ် ၇ ခုကို မျှဝေပေးလိုက်ပါတယ်။ ဒီယောဂကျင့်စဉ်တွေကို စိတ်ကို Relax ဖြစ်စေတာကြောင့် လူတိုင်းလုပ်ကြည့်သင့်ပါတယ်။

Corpse Pose

ပထမဆုံးကို အလွယ်ဆုံးနဲ့စတင်မှာပါ။ ပုံမှာလုပ်ပြထားတဲ့အနေအထားနဲ့ နေပေးပြီး မျက်စိမှိတ်ကာ အသက်ကိုရှိုက်ရှူလိုက်၊ ခပ်ပြင်းပြင်းပြန်ထုတ်လိုက်နဲ့ လုပ်ပေးပါ။ ၅ မိနစ်ကနေ ၁၀ မိနစ်အထိ လုပ်ပေးနိုင်ပါတယ်။

Reclining Bound Angle Pose

ဒီယောဂကျင့်စဉ်မှာတော့ ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေဖဝါးနှစ်ဖက်ကိုပူးထားရပါမယ်။ အဲ့အတိုင်းနေပြီး မျက်စိမှိတ်ကာ ၃ မိနစ်မှ ၅ မိနစ်အထိ အသက်ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။

Reclining Hand-To-Big-Toe Pose

ခြေထောက်တစ်ဖက်ကိုဆင်း၊ ခြေထောက်တစ်ဖက်ကိုမြှောက်ပြီး လက်နဲ့ခြေမကို ထိနိုင်အောင် လုပ်ပေးပါ။ အဲ့အတိုင်း ၁ မိနစ် (သို့) စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် ခြေထောက်ကို ဘယ်ညာပြောင်းပြီး အဲ့အတိုင်း ထပ်လုပ်ပေးပါ။

Reclining Spinal Twist

ဒီယောဂကျင့်စဉ်ကလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးရပါမယ်။ ၁ မိနစ်နေပြီး အချိန်ပြည့်ရင် ဘယ်ညာပြောင်းကာ အဲ့အတိုင်းထပ်လုပ်ပြီး ၁ မိနစ်ထပ်နေရမှာ ဖြစ်ပါတယ်။

Reclining Hero Pose

ဒီယောဂကျင့်စဉ်ကတော့ စစလုပ်ချင်းမှာ ခြေထောက်အကြောတွေတင်းနေရင် နည်းနည်းခက်ပါလိမ့်မယ်။ ဒါပေမယ့် လုပ်ရင်းနဲ့ အဆင်ပြေသွားပါလိမ့်မယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း ၁ မိနစ်နေပြီး အသက်ကို ရှိုက်ရှူလိုက်၊ ခပ်ပြင်းပြင်းရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။

Reclining Cow Face Pose

ခြေထောက်ကို ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးပြီး ၁ မိနစ်ပဲနေပေးရမှာပါ။ အဲ့အချိန်မှာ ခုနကလိုပဲ အသက်ကို ရှိုက်ရှူလိုက်၊ ခပ်ပြင်းပြင်းရှူထုတ်လိုက်နဲ့ လုပ်ပေးနေပါ။

Reclining Happy Baby Pose

ပုံမှာလုပ်ပြထားသလို ခြေထောက်ကိုမြှောက်ပြီး လက်နဲ့ကိုင်ထားရပါမယ်။ အသက်ကိုလည်း ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးနေရပါမယ်။ အဲ့အတိုင်း ၁ မိနစ်နေပေးရင် ရပါပြီ။